Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/24

ဂျပန်နိုင်ငံရောက် ကရင်လူမျိုး တိုင်းရင်းသားများ နှင့် ကရင်အရေးကို အကူအညီပေးနေကြသော ဂျပန်လူမျိုး အသင်းအဖွဲ့ အစည်းများနှင့် တွေ့ ဆုံ 




ဂျပန်တွင် ရောက်ရှိနေကြသော ကရင် တိုင်းရင်းသား များနှင့် နယ်စပ်ဒေသမှ ရောက်ရှိလာကြသော ကရင်ဒုက္ခသည် မိသားစု များ နှင့် တွေ့ ဆုံ ပွဲကို  Catholic Asakusa Church တွင် နေ့ လည် ၁၂ နာရီ မှ ညနေ ၄ နာရီ ထိ နေ့ လည်စာ များဖြင့် ဧည့်ခံ ပြီး ရင်းနှီစွာ ဖြင့်  တွေ့ ဆုံ ကြသည်။

ယနေ့ ကျင်းပသည် တွေ့ ဆုံ ပွဲကို ဂျပန်လူမျိုး အသင်းအဖွဲ့ များ ဖြစ်ကြသော Catholic Tokyo International Centre(CTIC),Japan Association for Refugees(JAR) and Japan Lawyers Network for Refugees(JLNR) တို့ မှ ကြီးမှူ ကျင်းပပေးခဲ့ကြသည်။

ထိုနောက် ရင်းနှီစွာ ဖြင့် မိတ်ဆက်ကြပြီး စောမျိုးခိုင်ရှင်း မှ ကျွန်တော်တို့ အား ယခုလို ဖိတ်ကြားခြင်းခံရသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း၊ စစ်ဘေး သဘာဝဘေး စသည့် ဒုက္ခအမျိုးမျိုးရောက်နေသော နိုင်ငံများကို ကူညီစောင့်ရှောက်နေသော ဂျပန်နိုင်ငံ ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ ထိုင်းနိုင်ငံ နယ်စပ် ဒုက္ခသည် စခန်းမှ ကရင်လူ မျိုး များကို ခေါ်ယူ၍ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကရင်လူမျိုးများ သည် ပြည်တွင်းစစ်ကြောင့် ဘ၀တိုးတက်မှု အလွန်နိပ်ကျ ခဲ့ရကြောင်း၊ အသိပညာကြွယ်ဝပြီး တိုးတက် ကြီးပွာ မှသာလျှင် အဖိနှိပ်ခံ ၊နှိပ်ကျသည့် ဘ၀မှ လွတ်မြောက်ပြီး အခြားသော လူမျိုးများနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်ပါသည်။ ထိုကြောင့် ကျွန်ပ်တို့ ကရင်လူမျိုးများဘ၀ တိုးတက်ကြီးပွားရန် အဖြစ်နိုင် ဆုံးနှင့် အတက်နိုင်ဆုံး ဂျပန်နိုင်ငံ မှ အကူအညီပေး ပါရန် မေတ္တာရပ်ခံအပ်ကြောင်းကို ပြောကြားခဲ့ပါသည်။
နောက်ဆုံးအနေနဲ့ ယနေ့ ကျင်းပသော တွေ့ ဆုံပွဲတွင် ဂျပန်နိုင်ငံတွင်ရောက်ရှိ နေကြသော ကရင်လူမျိုးများ နှင့် ကရင် အဖွဲ့ အစည်းများ မှ တာဝန်ရှိသူများ တွေ့ ဆုံနိုင်အောင် လုပ်ဆောင်ပေးတဲ့ အတွက်ကြောင့် ကျင်းပပြုလုပ်ပေးကြသော အဖွဲ အစည်း များ မှ လူကြီးလူငယ်များ အားလုံးတိုကို အထူး ကျေးဇူး တင်ရှိကြောင်း ကို တာဝန်ရှိသူ တဦးမှ ပြောကြားခဲ့ပါသည်။
သတင်း မှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ

0 件のコメント:

コメントを投稿