Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/12

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် Amnesty International တို့မှ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆို



၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၁)ရက်။


 နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားဒေသ ထိုးစစ်ဆင် တိုကိခိုက် နေမှုများကို ချက်ချင်း ရပ်ဆိုင်းပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖေါ်ဆောင်ပေးဖို့ တိုက်တွန်း တောင်းဆိုသည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုကို  ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများတို့မှ သုံးရက် ဆက်တိုက် ကျင်းပခဲ့ကြပြီး ယနေ့ တတိယနေ့တွင် တိုကျိုမြို့ မြန်မာ သံရုံးရှေ့၌ ကောက်ခံ ရရှိသည့် လက်မှတ်များကို မြန်မာသံရုံးမှတဆင့် သမတကြီး ဦးသိန်းစိန်နှင့်တကွ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့ကြပါသည်။

ယနေ့ အခမ်းအနားသို့ Amnesty International -Japan အဖွဲ့မှလည်း လာရောက် ပူးပေါင်းပါဝင် ခဲ့ကြပြီး  မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် Amnesty International -Japan မှတာဝန်ယူပြီး နိုင်ငံပေါင်း ၇၇ နိုင်ငံမှ ကောက်ခံရရှိသည် လက်မှတ်ပေါင်း (၃၀၀၇၅)ဦး၏ လက်မှတ်များကို လာရောက် ပေးပို့ခဲ့ပါသည်။ မြန်မာသံရုံး တာဝန် ရှိသူများမှ လက်ခံရယူခြင်း မရှိသည့်အတွက် အမြန်ချောပို့ စာတိုက်စနစ်ဖြစ် မြန်မာသံရုံးသို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Mai Kyaw Oo

0 件のコメント:

コメントを投稿