Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/03

အချက်သုံးချက်အပေါ်ကြည့်ပြီး မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ချသွားမည်ဟု အမေရိကန်ပြော


မိုက်ကယ် ပို့စနာ
November 2, 2011

အမေရိကန်အနေနဲ့ အချက် သုံးချက်ပေါ် ကြည့်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူ ထားတာကို လျှော့ချ သွားဖို့ ရှိတယ်လို့ သိရပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) နဲ့ ရန်ကုန် အခြစိုက် ဒီမိုကရက်တစ်ပါတီ ၇ ခုက ခေါင်းဆောင်တွေ မနေ့က ရန်ကုန်မှာ တွေ့ဆုံခဲ့ကြရာ လက်ထောက် ၀န်ကြီးက  ဆွေးနွေး ပြောကြားသွားတာလို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“သူတို့ကတော့ အချက်သုံးချက်ကို ကြည့်ပါတယ်။ အချက်သုံးချက်ဆိုတာက နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှု၊ နိုင်ငံရေး Space ဘယ်လောက် ကျယ်ကျယ် ရလာသလဲ၊ ဘယ်လောက် လုပ်နိုင်သလဲဆိုတာ နံပါတ်တစ်၊ နံပါတ်နှစ်ကတော့ အကျဉ်းသားတွေ အကုန်လုံး လွှတ်ပေးဖို့ ကိစ္စ၊ နောက်တချက်က ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ ဘယ်လိုလုပ်မယ် ဆိုတဲ့ ဆောင်ရွက်ချက်ပေါ့။ အဲဒီသုံးချက်ပေါ်မှာ အဓိက ထားပြီးတော့ စဉ်းစားမှာပါတဲ့။” 

မြန်မာနိုင်ငံဟာ အခုတလော မြန်မြန် ပြောင်းလဲနေတာ တွေ့ရပြီး အပြောင်းအလဲဟာ ဘယ်လောက်ထိ ခိုင်မာ သလဲဆိုတာ သူတို့ လာကြည့်တာလို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးက ပြောသွားတယ်လို့လည်း ဆိုပါတယ်။

သူတို့ပါတီ အနေနဲ့တော့ လွတ်လပ်စွာ ဟောပြောရေးသား ဆန္ဒထုတ် ဖော်ခွင့် ရှိဖို့၊ စီးပွားရေးမှာ လက်ဝါးကြီးအုပ် စီးပွားရေးမျိုး မဖြစ်ဖိုနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ရရှိဖို့ အရေးကြီး ပုံတွေကို ဆွေးနွေး ခဲ့တယ်လို့ ဦးသုဝေက ပြောပါတယ်။

လက်ထောက် ၀န်ကြီးဟာ နေပြည်တော်ကို သွားရောက်ပြီး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေနဲ့ မတွေ့ခင် နိုင်ငံရေး ပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ဒီကရရှိတဲ့ အချက်အလက်တွေ အပေါ်မူတည်ပြီး နေပြည်တော်မှာ သက်ဆိုင်တဲ့ သူတွေကို မေးခွန်းထုတ် အဖြေရှာဖို့ လုပ်မှာပါ။

အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ နိုဝင်ဘာလ ၁ ရက်က ရန်ကုန်ကို စတင်ရောက်ရှိ လာတာဖြစ်ပြီး အဲဒီနေ့ တနေ့တည်းမှာ တိုင်းရင်းသား ပါတီတွေနဲ့ လူမှုအဖွဲ့ အစည်းတချို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

သတင်းရင်းမြစ် - ဒီဗွီဘီ

0 件のコメント:

コメントを投稿