Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/14

ပြည်နယ် အစိုးရ ကမ်းလှမ်းချက် အပေါ် မွန်ပြည်သစ် ပါတီ၏ တုန့် ပြန်ချက်

 


ဒီဇင်ဘာလ (၁၅) ရက်နေ့၌ မွန်ပြည်သစ် ပါတီ၏ (၈) ကြိမ်မြောက် ပါတီညီလာခံ ကျင်းပရန် ရှိသည့်အတွက် နအဖနှင့် တွေ့ ဆုံဆွေးနွေးရန် အချိန် မပေးနိုင်သေးကြောင်း၊ ယမန်နေ့ ညနေက မွန်ပြည်သစ် ပါတီ ဗဟို ဌာချုပ်သို့ ရောက်လာသော မွန်ပြည်နယ် ၀န်ကြီးချုပ် ကိုယ်းစားလှယ် အဖွဲ့ အား ပြောကြားခဲ့သည်ဟု အမည်မဖေါ်လိုသော မွန်ပြည်သစ် ပါတီ အရာရှိ တဦးက ပြောပါသည်။

၁၉၉၅ ခုနှစ် အပစ်ခတ်ရပ်စဲခဲ့စဉ်က မွန်ပြည်သစ်ပါတီ (ဓါတ်ပုံ - အင်တာနက်)

“ လောလောဆယ်တော့ မအားဘူးလေ၊ ဒါပေမဲ့ သူတို့လာတာကို ကြိုဆိုပါတယ်။ သူတို့ဘာပြောမလဲ ဆိုတာကိုလည်း နားထောင်ချင်ပါတယ်။ လာတဲ့လူတွေကလည်း သိနေတဲ့ လူတွေဘဲလေ။ မလာတာကြာတော့ အလည်လာဖြစ်တာလည်း ကောင်းပါတယ်။ အဲဒီထဲမှာ မွန်ပြည်နယ် ကျိုက္မရောမြို့ နယ် ကော့ပလိုင်ရွာ ကျောင်းထိုင် ဆရာတော်ရယ်၊ မွန်ပြည်သစ် ပါတီ အလုပ် အမှုဆောင်ဟောင်း နိုင်တင်အောင်ရယ် ပြီးတော့ ဗဟိုကော်မီတီဝင်ဟောင်း ကိုစိုးမြင့်တို့က အဓိကပါဘဲ၊ သူတို့က နောက်ထပ် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ လာတောင်းဆိုသွားတာပါဘဲ” ဟု မွန်ပြည်သစ် ပါတီ ထိပ်တန်းအရာရှိ တဦးက ပြောခဲ့ပါသည်။

ယခုလို အချိန်မျိုးတွင် နအဖတို့သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ ဝင်များထဲ၌ ကေအန်ယူ အ ဖွဲ့ နှင့် အပစ်အခတ် ရပ်စဲရန်၊ ဆွေးနွေးတော့မည် ဖြစ်သလို မွန်ပြည်သစ် ပါတီလည်း အပစ်အခတ် ရပ်စဲရန်ထပ်မံ ကမ်းလှမ်း လာနေပြန်ပါသည်။ ထို့ကြောင့် (UNFC) အဖွဲ့ ဝင်တချို့ ကို အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းပြီး၊ အဖွဲ့ဝင် တဖွဲ့  ဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်ကိုမူ ဆက်တိုက် ဆိုသလို စစ်ဆင်နေပါသည်။

“ အခုကြည့်ရတာက နအဖက ကျနော်တို့ (UNFC) အဖွဲ့ ကို ဆွဲဖျဲသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး မညီမျှမှုကို ကျနော်တို့ ပြန်စဉ်းစားကြရင် ကောင်းမယ်လို့ ထင်ပါတယ်။ ဒီတော့ ကျနော့်အမြင်ကတော့ (UNFC) အဖွဲ့ ဝင်တွေကို အစည်းအဝေးခေါ်သင့်တယ်လို့ မြင်ပါတယ်။ တဖွဲ့ ချင်း ဆွေးနွေးလို့ ရတယ်ဆိုတဲ့ မူဟာ စုပေါင်းဆွေးနွေးမယ်ဆိုတဲ့မူ
ကနေ တဆင့် လျှော့ကျသွားတာကို မြင်စေချင်ပါတယ်။ ဒီကိစ္စ ဒေါ်အောင်ဆန်းစုကြည်တို့ကို ကြားဝင်စေ့စပ်ပေးရင် ပိုမကောင်းဘူးလား” ဟု ဗဟိုကော်မီတီဝင် တဦးက ပြောပါသည်။
မွန်ပြည်သစ် ပါတီသည်၊ ပြီးခဲ့သည့် အောက်တိုဘာ (၆) ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့ ၌ နအဖ ပြည်နယ် အစိုးရ အဖွဲ့  နှင့် ပထမအကြိမ် တွေ့ ဆုံဆွေးနွေး ခဲ့ပါသည်။ ထိုတွေ့ ဆုံမှုတွင် မွန်ပြည်သစ် ပါတီဖက်မှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီက ဦးဆောင်ပြီး တပ်ရင်းမှူး တဦးနှင့် အဖွဲ့ ဝင် တဦးဖြင့် တွေ့ ဆုံခဲ့ပါသည်။

“ အဲဒီပွဲမှာတော့ ကျနော်တို့က အပစ်ရပ်ဖို့ ဆွေးနွေးတာ မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ (UNFC) မူကို သွားတင်ပြတာပါ။ ကျနော်တို့က တဖွဲ့ ချင်းထက်ပေါ့လေ စုပေါင်းပြီးဆွေးနွေးချင်ပါတယ်။ လို့ သွားတင်ပြတာဖြစ်ပါတယ်။ အခုတော့ ကေအန်ယူလည်း သွားဆွေးနွေးဖို့ ဖြစ်လာတယ် ဆိုတော့ ကျနော်တို့ကို နောက်ထပ်လူလွှတ်တာ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ကလည်း လောလောဆယ်တော့ အားမှာ မဟုတ်သေးပါဘူး။ ပါတီ ညီလာခံ ကျင်းပရေးက အရင်လုပ်ရဦးမယ်လို့ ဆုံး ဖြတ်ထားတယ်လေ ”ဟု နိုင်တလညီကပြောပါသည်။

နအဖသည် နိုင်ငံတော် ငြိမ်းချမ်းရေး ကော်မီတီ တရပ်ဖွဲ့ စည်းပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လုပ်ဆောင်ခဲ့ ခြင်းမျိုး မရှိခဲ့ဘူးချေ။ တနေရာ အဖွဲ့ များကို အပစ်ရပ်ပြီး တခြားတနေရာက အဖွဲ့ ကို လိုက်လံချေမှုန်းခြင်းသာ လုပ်ဆောင်ခဲ့ပါသည်။ ဤသို့ ကြောင့် ယခု ဖွဲ့ စည်းထားသည့် နိုင်ငံတော် ငြိမ်းချမ်းရေးကော်မီတီသည်လည်း ပြည်ထောင်စုကြံ့ခိုင်ရေး အ ဖွဲ့ ဝင်များနှင့်သာ ဖွဲ့ စည်းထားသဖြင့် ထူးခြား နားလာမည် မဟုတ်ဟု ဝေဖန်နေကြပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/791-2011-11-13-08-05-00.html

0 件のコメント:

コメントを投稿