Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/02

ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တိုက်ပွဲပြန်ဖြစ်

SSPP-SSA
November 1, 2011

ရက်အတန်ကြာ တိုက်ပွဲ​တွေ ငြိမ်သက်​နေတဲ့​ ရှမ်း​ပြည်နယ်​ တောင်ပိုင်း​မှာ ရှမ်း​ပြည် တိုး​တက်​ရေး​ပါတီ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရတပ် တိုက်ပွဲ ပြန်ဖြစ်​ နေပါတယ်။
ရှမ်း​ပြည်​တောင်ပိုင်း​ မိုင်း​နောင်မြို့​နယ် ဒူယား​ကျေး​ရွာ အုပ်စုထဲမှာ ​အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွား​ခဲ့​တယ်လို့​ ရှမ်း​ပြည်တပ်မ​တော်က ​ပြောပါတယ်။ ရှမ်း​ပြည် တပ်မ​တော် တပ်မ ၇၂ တပ်ရင်း​ ၈၀၁ နဲ့​ မိုင်း​နောင် အ​ခြေစိုက် ခလရ ၂၈၆ အစိုး​ရတပ်တို့​ဟာ ပန်​လော့​နဲ့​ ​ဟွေ့​ကိန်ရွာကြား​ မှာရှိတဲ့​ ​တောအုပ်ထဲမှာ ဖြစ်ပွား​ ခဲ့​တယ်။ နှစ်ဘက် အ​သေအ​ပျောက် စာရင်း​ မသိရ​သေး​ဘူး​လို့​ ရှမ်း​ပြည် တိုး​တက်​ရေး​ပါတီက ဗိုလ်မှူး​စိုင်း​လက ​ပြောပါတယ်။
“တတ်နိုင်သ​လောက် အဲဒီတိုက်ပွဲ မဖြစ်ဖို့​ ကျ​နော်တို့​ ​ရှောင်ပါတယ်။ ဒါ​ပေမယ့်​ သူတို့​က ​တောနင်း​ပြီး​တော့​ ရှာ​ဖွေပြီး​ တိုက်​နေ​တော့​ ကျ​နော်တို့​လည်း​ တိုက်​နေရတယ်။ သူတို့​လာတာ ကြိုပြီး​ သတင်း​ရ​တော့​ ကျ​နော်တို့​ ​စောင့်​ပြီး​ တိုက်တာပါခင်ဗျ။ ကျ​နော်တို့​ဘက်က​တော့​ အင်အား​ ၂၀ ​လောက်ပါခင်ဗျ။ သူတို့​ဘက်က​တော့​ ၅၀ ​လောက်ရှိမယ်။”
ဌာ​နေပြည်သူ့​စစ် အသွင်​ပြောင်း​ဖို့​ ငြင်း​ပယ်ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည် တိုး​တက်​ရေး​ပါတီကို အစိုး​ရတပ်က ဒီနှစ်ဦး​ပိုင်း​ကစပြီး​ ထိုး​စစ်ဆင်ခဲ့​တာမှာ ပြီး​ခဲ့​တဲ့​ စက်တင်ဘာလ အထိ တိုက်ပွဲ​ပေါင်း​ ၃၀၀ ​ကျော် ဖြစ်ပွား​ခဲ့​ပါတယ်။
ဝမ်ဟိုင်း​ ဌာနချုပ်ကို တိုက်ခိုက် သိမ်း​ပိုက်ဖို့​ အစိုး​ရတပ်ရင်း​ ၁၄ ရင်း​ အဲဒီနယ်​မြေထဲမှာ ဝင်​ရောက်တပ် စွဲ ထား​ပေမယ့်​ ခု​နောက်ပိုင်း​ တပ်တချို့​ ပြန် ဆုတ်ခွာသွား​ခဲ့​တယ်။
တိုက်ပွဲ ဖြစ်ပွား​တဲ့​ဒေသမှာ ရွာသား​တွေဟာ အစိုး​ရတပ်ရဲ့​ ​ပေါ်တာဆွဲခံရတာ၊​ လက်နက်ကြီး​တွေ ထိမှန်တာ၊​ သူပုန်လို့​စွပ်စွဲပြီး​ ဖမ်း​ဆီး​ စစ်​ဆေး​တာ၊​ အမျိုး​သမီး​တွေ မတရား​ ကျင့်​ခံရတာ​တွေ ရှိ​နေတဲ့​အတွက် ရှမ်း​ပြည်တပ်မ​တော်ဘက်က နိုင်ငံ​ရေး​ကို ငြိမ်း​ချမ်း​စွာ​ ဆွေး​နွေး​ခြင်း​နဲ့​ အ​ဖြေရှာဖို့​ လွန်ခဲ့​တဲ့​ ဇူလိုင်လက အစိုး​ရဆီ အိတ်ဖွင့်​စာ ပို့​ထား​ ခဲ့​ပါ​သေး​တယ်။
သတင်းရင်းမြစ် - ဒီဗွီဘီ

0 件のコメント:

コメントを投稿