Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/11

KNU ထိန်းချုပ်နယ်မြေ ထားဝယ်၌ အစိုးရတပ် အင်အားတိုးချဲ့

ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်း (ဓာတ်ပုံ - ကွယ် ကလူ)
November 10, 2011
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ် ဒေသကို မြန်မာ အစိုးရက တပ်အင်အား များစွာ တိုးချဲ့ထားသည်။ ယင်းဒေသတွင် အစိုးရ တပ်ရင်း ၃ ရင်း လှုပ်ရှား နေသည့်အပြင် တပ်ရင်း ၈ ရင်းခန့် ထပ်မံ တိုးချဲ့ထားသောကြောင့် စစ်သည် အင်အား ၈၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။
အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တိုးချဲ့ ချထားခြင်း ဖြစ်ပြီး တပ်အင်အား တိုးချဲ့ရခြင်း အကြောင်းရင်းကို မသိရသေး ဟု KNU တပ်မဟာ ၄ ဒေသ မှ စောကွယ်ထူးဝင်း က ဧရာဝတီသို့ ပြောကြားသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်သော ကားလမ်းကို KNU တပ်မဟာ ၄ လှုပ်ရှားနေ သည့် ဒေသတွင် Italian-Thai Development (ITD) ကုမ္ပဏီက ဖောက်လုပ် နေပြီး ၀န်ထမ်းများ၊ မော်တော်ယာဉ်များ သွားလာခြင်း မပြုနိုင်ရန် KNU က ပိတ်ဆို့ ထားကြောင်း သိရသည်။
သို့သော်လည်း စီမံကိန်းဒေသ အလုပ်သမားများ အတွက် ရိက္ခာ သယ်ပို့ပေးသည့် မော်တော်ယာဉ် တချို့ကို KNUက သွားလာ ခွင့် ပြုထားသည်။ ဤသို့ အစိုးရ စစ်သည် အင်အား တိုးချဲ့နေခြင်းသည် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း လမ်းလုံခြုံရေး အတွက် KNU တပ် ဖွဲ့ဝင်များအား ဖိအား ပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု KNU တပ်ဖွဲ့ဝင်ဟောင်းများက သုံးသပ်သည်။
ကွယ်ကလူ ကရင် သတင်းဌာနမှ အယ်ဒီတာ ကိုအယ်နာက ကန်ချနဘူရီ ထားဝယ် အဝေးပြေး ကားလမ်း လုံခြုံရေးအတွက် ထားဝယ်ဒေသရှိ KNU တပ်ဖွဲ့ဝင်များကို ထိုးစစ် ဆင်ရန် နေပြည်တော်က အမိန့်ပေးထားသည်ဟု သတင်းရရှိကြောင်း ဧရာဝတီ ကို ပြောသည်။
“အဝေးပြေးလမ်းမ ဖောက်နေတာကို အနှောင့်အယှက် ပေးသူတွေကို ရှင်းပစ်ဖို့ အမိန့် ပေးထားတယ်လို့ ကြားတယ်၊ လာမယ့် ပွင့်လင်းရာသီမှာ ထိုးစစ် ဆင်မယ်လို့ ထင်ပါတယ်”ဟု ၎င်းက ဆိုသည်။ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့် (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အ၀န်း ရှိကြောင်း စီမံ ကိန်း ဆောက်လုပ်ခွင့်ရ ITD ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။
မြန်မာအစိုးရ သတင်းစာများတွင် ဖော်ပြထားချက်အရ ထားဝယ်ရေနက် ဆိပ်ကမ်းတွင် ကုန်တင် သင်္ဘောကြီး ၂၅ စင်း တပြိုင် တည်း ဆိုက်ကပ် နိုင်ပြီး တနှစ်လျှင် ကုန်ပစ္စည်း မက်ထရစ် တန်ချိန် သန်း ၁၀၀ နီးပါး အတင်အချ ပြုလုပ်နိုင်မည်ဟု သိရ သည်။
ဥရောပနှင့် အင်ဒိုချိုင်းနားကို ဆက်သွယ်ရန် ဖြတ်လမ်း ဖြစ်လာပြီး စင်ကာပူထက် သာမည်ဟု ဆိုထားသော ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း၏ အရေးပါပုံ၊ စီမံကိန်းကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက် လာနိုင်ပုံတို့ကို မြန်မာ စာနယ်ဇင်းများတွင် ဖော်ပြ ခဲ့ပြီးဖြစ်သည်။
Copy from - irrawaddy.org

0 件のコメント:

コメントを投稿