Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/28

ရွှေဂတ်စ် သဘာဝဓါတ်ငွေ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်းကို ရပ်တန့်ရေးအတွက် ဆန္ဒပြ တောင်းဆို (တိုကျို)


နိုဝင်ဘာလ ၂၇ ရက် 2011 ခုနှစ်။


ရခိုင်ပြည်နယ် ကျောက်ဖြူကနေတဆင့် ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်း ရပ်တန့်ရန်အတွက် တောင်းဆိုသည့် ဆန္ဒပြပွဲ အစီအစဉ်ကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်ဌာနခွဲ)နှင့် မြန်မာ့ဒီမိုကရေစီ ကွန်ယက် NDB-Japan တို့မှ ပူးပေါင်း၍ တိုကျို ရှီနာဂါဝါအရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ကို တရုတ်နိုင်ငံသို့ ပိုက်လုံးများ သွယ်တန်း ရောင်းချရာတွင် ပိုက်လိုင်း ၂ခု ဖြစ်ကြောင်း တခုမှာ ရေနံပိုက်လိုင်းဖြစ်ပြီး နောက်တခုမှာ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြစ်ကြောင်း ပိုက်လိုင်းများ သွယ်တန်းရာ လမ်းကြောင်း တလျှောက်မှာ လယ်ယာခြံမြေများ အသိမ်းခံရခြင်း၊ နေအိမ်များအတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်း၊ မတရား လုပ်အားပေး စေခိုင်းခံရသည့်အပြင် လူ့အခွင့်အရေး ချိုးဖေါက်မူများကို ဒေသခံများတို့မှ ကြုံတွေ့ခံစား နေကြရကြောင်းကို ALD(Exile-Japan) ဥက္ကဌ ဦးလှအေးမောင်မှ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်းကို ရပ်တန့်ပေးဖို့ ပြည်တွင်း၌ အသုံးပြုရန် သဘာဝဓါတ်ငွေ့ စွမ်းအင် လိုအပ်သော်လည်း ပြည်ပသို့ ရောင်းချသည့်အပေါ် ကန့်ကွက်ကြောင်း ကန့်ကွက် တောင်းဆိုသည့် ထုတ်ပြန်ချက် တစောင်ကို သံရုံးကနေတဆင့် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

0 件のコメント:

コメントを投稿