Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/09

NLD ပါတီ မှတ်ပုံတင်ခြင်း - မတင်ခြင်းကိစ္စပေါ် SNLD ရဲ့ သဘောထား

                 NLD ပါတီ မှတ်ပုံတင်ခြင်း - မတင်ခြင်းကိစ္စပေါ် SNLD ရဲ့ သဘောထားကို အခုလို ပြောခဲ့ပါတယ်။
ကျနော်တို့ကတော့ တင်ဖို့ မစဉ်းစားပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဥက္ကဌ ခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး စိုင်းညွန့်လွင်က အကျဉ်းကျနေဆဲမို့လို့ သူတို့တွေ လွတ်မြောက်လာခြင်းမရှိသေးပဲနဲ့ မှတ်ပုံတင်ဖို့ကစ္စကို ကျနော်တို့ စဉ်းစားဦးမှာမဟုတ်ပါဘူး။ ကျနော်တို့ SNLD တခုတည်းရဲ့ သဘောထားဆိုရင်တော့ - NLD ရဲ့ ဆုံးဖြတ်ချက်ကို ဘာမှ ၀င်ရောက် ပြီး ဝေဖန်ချက် မပေးလိုပါဘူး။ ထိုက်သင့်သလို သူတို့လမ်းကြောင်းနဲ့ သူတို့ သွားမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကတော့ တူတာရှိရင် ပေါင်းလုပ်မယ်။ မတူတာရှိရင် ခွဲလုပ်မယ်ဆိုတဲ့ အနေအထားပဲရှိပါတယ်”

SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ် ဖြစ်ပါတယ်။ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကတော့ ပူတာအို အကျဉ်းထောင်မှာ ထောင်ဒဏ် ၉၃ နှစ် ကျခံ နေရပြီး အတွင်းရေးမှူး စိုင်းညွန့်လွင်ကိုလည်း ထောင်ဒဏ် ၈၃ နှစ်ချမှတ်ခံထားရတာပါ။ ဒါကြောင့် ဒီခေါင်းဆောင်တွေရဲ့ အမှုကို ပြန်လည်သုံးသပ်စစ်ဆေးပြီး သူတို့ လွတ်မြောက်ရေး မိသားစုဝင်တွေကနေ - မကြာသေးခင်ကပဲ - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို လက်မှတ်ရေးထိုး တောင်းဆိုထားတာဖြစ်ပါတယ်။

သတင်းအပြည့် အစုံ ကို အောက်တွင် ဖော်ပြထားသော လင့် တွင် သွားရောက် ဖတ်ရူ နိုင်ပါသည်။

copy rights_http://www.voanews.com/burmese/news/--11_08_11_my-news-burma----133428108.html

0 件のコメント:

コメントを投稿