Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/04/27

ကျမ်းကျိန် စာသားကိစ္စ နိုင်ငံရေးပြဿနာ မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

2012-04-26
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်တွေ အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်နိုင်သေးတဲ့ ကိစ္စဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာ တစ်ခုသာဖြစ်ပြီး နိုင်ငံရေးပြဿနာ မဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်က အီတလီ နိုင်ငံခြားရေး ၀န်ကြီး Mr. Giulio Terzi di Sant' Agata နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
ဒီအခြေနေဟာ ချောချောမွေ့မွေ့ ပြီးဆုံးမယ်လို့ မျှော်လင့်ကြောင်း၊ ဒီကိစ္စဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာတရပ်သာဖြစ်ပြီး နိုင်ငံရေးပြဿနာလို့ မယူဆကြောင်း၊ နိုင်ငံရေးအရ မဆုတ်သာ မတိုးသာတဲ့ အခြေအနေကို ရောက်ရှိစေရန် တွန်းအားပေးမှာ မဟုတ်ကြောင်း၊ ပါတီကို ထောက်ခံ အားပေးသူတွေလည်း တစ်သဘောထဲ ရှိမယ်လို့လည်း ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
NLD ပါတီ ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ခဲ့တဲ့ အကြောင်းတွေထဲမှာ အခုစကားလုံး ပြဿနာလည်း အဓိက ပြဿနာတစ်ခုအဖြစ် ပါဝင်တယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး သမ္မတ ဦသိန်းစိန်ရဲ့ ရိုးသားတဲ့ သဘောထား အပြုအမူတွေအပေါ် ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ သမ္မတနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း ပြောကြားခဲ့ပါတယ်။
copy rights_http://www.rfa.org/burmese/news/assk-oath-wording-press-04262012104137.html

0 件のコメント:

コメントを投稿