Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/04/12

မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုက KIA အတွက် ဖြစ်နေသလား

ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ တင့်ကားတပ်ဖွဲ့၏ စွမ်းရည်ပြသမှု
Tuesday, 10 April 2012

(၂၀၁၂) ခုနှစ် မတ်လ ၆ ရက်နေ့က မိတ္ထီလာမှာ တပ်မတော်ရဲ့ ခြေလျင်၊ တင့်နဲ့ အမြောက် ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်မှုကို ဆောင်ရွက် ခဲ့ကြောင်း စစ်ဘက် နီးစပ်သူများက သတင်း ပေးပို့ လာပါတယ်။ ဒီလို လေ့ကျင့်မှုကို တပ်မတော်ကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ တက်ရောက် ကြည့်ရှု ခဲ့ပါတယ်။
ဒီလို လေ့ကျင့်တဲ့ နေရာမှာ မြေပုံတုကို ကချင်ပြည်နယ် အတွင်းက KIA စခန်း နေရာတစ်ခုအား ပုံစံတူ သဲမြေပုံခင်း ဆောင်ရွက် ခဲ့ပါတယ်။ ဒီစစ်ရေး လေ့ကျင့်မှုကို မြဝတီရုပ်သံမှာ ထုတ်လွှင့် ပြသ ခဲ့တာဟာ ထူးခြားမှု တစ်ခုအနေနဲ့ တွေ့ရှိရပါတယ်။ လက်ရှိ အခြေအနေမှာ မြန်မာ အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆွေးနွေး နေပါတယ်။
ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ မြဝတီရုပ်မြင်သံကြားအင်တာဗျူး မြင်ကွင်း
တိုင်းရင်းသား အဖွဲ့အများစုက အပစ်အခတ်ရပ်စဲရေးကို လက်ခံ ခဲ့ကြပေမယ့် KIA ကတော့ အပစ်အခတ် ရပ်စဲရေးကို လက်မခံသေးပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပြီးမှ အပစ် ရပ်ချင်တာကြောင့် တိုက်ပွဲတွေ ဒီနေ့အထိ ဖြစ်နေပါတယ်။ အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းဟာ ကျောင်းဆရာမှ စစ်တပ်ထဲ ဝင်လာသူဖြစ်ပြီး ဝေ့လည်ကြောင်ပတ် လုပ်တတ်တာမို့ KIA ဘက်ကလည်း အဆင့်တူ ပညာရေး လောကမှ ကျောင်းအုပ်ကြီး တစ်ဦးကို စေလွှတ်ခဲ့ တာကြောင့် ဆွေးနွေးပွဲ ရလဒ် ရေရေရာရာ မရှိဘဲ ယခုအချိန်ထိ အောင်မြင်မှု မရရှိသေးတာ တွေ့ရပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေး နေစဉ် ကာလမှာလည်း တပ်မတော်ရိက္ခာ သယ်ယူရေး ယာဉ်တန်းကို ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်တွေ ရှိနေပါတယ်။ ကချင်ပြည်နယ် အတွင်းမှာလည်း တစ်အိမ် တစ်ယောက် မဖြစ်မနေ KIA က လူသစ်စုပြီး စစ်အင်အားကို တိုးပွားအောင် ဆောင်ရွက်နေတာဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို မယုံကြည်လို့ တပ်မတော်က တိုက်ခိုက် လာရင် မိမိကိုယ်ကို ကာကွယ် ခုခံနိုင်ဖို့ အင်အား စုဆောင်းနေတာ ဖြစ်တယ်ဆိုတာ KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က အတိအလင်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့်မို့ အပစ်အခတ် မရပ်စဲပဲ အင်အား စုနေတဲ့ KIA ဌာနချုပ်ကို တပ်မတော်က တရုတ် အစိုးရထံမှ ခွင့်ပြုချက် တောင်းပြီး စစ်ရေးအရ အရှိန်မြှင့်တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ စစ်ရေး အကဲခတ်များကလည်း သုံးသပ် ထားကြပါတယ်။
နိုင်ငံတော် သမ္မတက အပစ်အခတ် ရပ်စဲဖို့ အမိန့် ထုတ်ထားပေမယ့် လက်ရှိ စစ်မြေပြင်ဖြစ်တဲ့ ကချင်ပြည်နယ် အတွင်း တရုတ်-မြန်မာ နယ်စပ် တလျှောက်မှာ စစ်တပ်နဲ့ KIA တပ်များ အပြန်အလှန်  တိုက်ခိုက်မှုတွေ ဆက်လက် ရှိနေလို့ နှစ်ဖက်တပ်များ ထိခိုက် ဆုံးရှုံးမှုများ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ အစိုးရတပ်တွေက ကချင်ပြည်နယ်ရှိ KIA စခန်း ပုံစံ ဖန်တီးကာ စစ်ရေး လေ့ကျင့်မှုတွေ ထူးထူးခြားခြား လုပ်ဆောင်ပြီး သတင်း ထုတ်ပြန်ခဲ့လို့ KIA အဖွဲ့အနေနဲ့ ပိုပြီးတော့ သတိပြုစရာ ဖြစ်လာပါတယ်။
ဒီစစ်ရေး လေ့ကျင့်ခန်းတွေမှာ ခြေလျင်တပ်က နယ်မြေမသိမ်းပဲ အမြောက်တပ်များနဲ့ ပစ်မှတ် ဧရိယာကို ဦးနှိမ် ပစ်ခတ်ထားကာ သံချပ်ကာ တပ်များက ပစ်ခတ်ချီတက်ပြီး စခန်းသိမ်း တိုက်ပွဲမှုတွေကို အချိန်ကိုက် ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေး လေ့ကျင့်မှုမှာ ၁၅၅ မမ အမြောက်ကြီးများ၊ ၁၂၀ မမ အမြောက်ကြီးများနဲ့ ၁၀၅ မမ အမြောက်ကြီးတွေ ပါဝင်ခဲ့ပြီး သံချပ်ကာ ကားအနေနဲ့ တရုတ်လုပ် ပုံစံ - ၅၉ဒီ တင့်ကားတွေ ပါဝင်ကြောင်း သိရပါတယ်။ ၁၅၅ မမ ဆိုရင် ၂၄ မိုင် ပစ်လို့ရပြီး ၁၂၀ မမ ဆိုရင် ၆ မိုင်လောက် ပစ်လို့ ရကြောင်းနဲ့ သံချပ်ကာ ကားတွေက လိုင်ဇာအထိ ကောင်းကောင်း သွားလို့ရကြောင်း၊ တပ်မတော်အနေနဲ့ KIA တပ်မတော်ရဲ့ ဌာနချုပ်ကို တိုက်ချင်ရင် ရတယ်ဆိုတာကို ခြိမ်းခြောက် လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြဝတီရုပ်သံက လွှင့်တဲ့ အထဲမှာ မပါတဲ့ ၁၂၂ မမ အတွဲလိုက် ဒုံးပစ် လောင်ချာတွေကို စမ်းသပ် ပစ်ခတ်ခဲ့တယ် လို့လည်း စစ်ရုံးမှ အရာရှိတချို့က ပြောကြား ခဲ့တယ်လို့ သိရှိရပါတယ်။ ဒုံးပစ် လောက်ချာတွေက အကွာအဝေး ၁၂ မိုင်လောက်မှာ ရှိတဲ့ ပစ်မှတ်ကို အတိအကျ လမ်းညွှန်စနစ် (Guiding System) နဲ့ ပစ်လို့ရတယ်လို့ စစ်ဘက် နီးစပ်သူများက ဆိုပါတယ်။ ဒီလို ပစ်မယ် ဆိုရင်တော့ ပစ်မှတ် မှတ်ပုံတင် ရပါမယ်။ Google က ပုံတွေမှာ လက်တီကျု လောင်ဂျီကျု ပါနေတော့ လွယ်လွယ်လေးနဲ့ ပစ်မှတ် မလွဲအောင် ပစ်ခတ်နိုင်ကြောင်း သိရပါတယ်။
စစ်ရေး လေ့ကျင့်တယ်ဆိုတာ တပ်မတော်အတွက် မထူးဆန်းပေမယ့် ဒီလိုမျိုး မီဒီယာ ကနေတဆင့် ထုတ်ဖော် ပြတာကတော့ ထူးဆန်း နေပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ဤဝက်ဘ်ဆိုဒ် အင်တာနက်မှာ သတင်း ထွက်ပေါ်လာတဲ့ မြန်မာတပ်မတော်ရဲ့ လိုင်ဇာမြို့သိမ်း စီမံချက်နဲ့ ယခု စစ်ရေး လေ့ကျင့်ခန်းတွေဟာ တိုက်တိုက် ဆိုင်ဆိုင် တူညီမှုတွေ ရှိနေပြီး စစ်ရေး လေ့ကျင့်မှုမှာ ပါဝင်တဲ့ ခြေလျင် တပ်များဟာ မကြာခင်မှ ကချင် စစ်မြေပြင်က ပြန်ရောက်လာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ဖြစ်ပါတယ်။ ဒါကြောင့် မိတ္တီလာမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်မှုများဟာ မြန်မာ့စစ်တပ်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုလား၊ KIA နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မအောင်မြင်ရင် KIA ကို ထိုးစစ်ဆင်ဖို့အတွက် စစ်ရေး လေ့ကျင့်ခဲ့တာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ စစ်ဘက် နီးစပ်သူများက သတင်း ပေးပို့လာပါတယ်။
Copy from - photayokeking.

0 件のコメント:

コメントを投稿