Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/04/10

KIO နှင့် အစိုးရအကြား စစ်ရေးအခြေအနေ တင်းမာနေဆဲ

  
ချင်းမိုင်(မဇ္စျိမ) ။       ။ အစိုးရဘက်မှ စစ်တပ်များ လှုပ်ရှားမှု ပိုမိုများပြားလာသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား စစ်ရေးအခြေအနေ တင်းမာနေလျက်ရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြော သည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်များ သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှုမရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲကြီးများလည်း ဖြစ်ပွားလာနိုင်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကြည့်ရတာ ဒီရက်ပိုင်းအတောအတွင်းမှာ သူတို့ စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန် လုပ်လာမယ့် အခြေအနေ၊ ပုံစံ၊ အရိပ်အယောင်လည်း တွေ့ရတယ်။ သူတို့တပ်ရဲ့ လှုပ်ရှားမှုမှာ ခါတိုင်းထက် မတူဘဲ ထူးထူးခြားခြားဖြစ်လာလို့ ကျနော်တို့ ခန့်မှန်းလို့ ရသွားတဲ့အချက်ပေါ့။ စစ်ရေးလှုပ်ရှားမှု ပိုပြီးတော့ များလာတဲ့ သဘောပါ။ ညဘက် တပ်တွေ လှုပ်ရှားမှုတွေ၊ ညအချိန်မှာ တပ်တွေ ပြောင်းရွှေ့တာမျိုးတွေ လုပ်တယ်”ဟု ဦးလနန် က မဇ္စျိမကို ပြောသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်၌ အစိုးရ၏ စစ်ကားများ အသွားအလာ ရှိလာပြီး KIO အဖွဲ့များရှိရာ ဒေသအနီး ချဉ်းကပ်လာသည့် အနေအထားများလည်း တွေ့ရသည်ဟု ဦးလနန်က ပြောသည်။

အလားတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးဒေသသို့ သွားသည့်ကားလမ်း၊ ဝိုင်းမော်-ဗန်းမော်သွားရာ ကားလမ်းပေါ်တွင် အစိုးရ စစ်ကားများ ညအချိန်တွင် တကြိမ် ဖြတ်သန်းသွားပါက ကား ၁ဝ စီးကျော်မှ ၂ဝ စီးထိ စစ်ကားများ ရွှေ့ပြောင်း သွားမှုများ ယခုရက်ပိုင်းအတွင်း နှစ်ကြိမ်ထက်မနည်း ရှိနေသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

“စစ်ကြောင်းတွေက မြစ်ကြီးနား- ဆဒုံး၊ ဂါဒေါင် စစ်ကြောင်းတွေ ရွှေ့ပြောင်းလာတာတွေ ရှိတယ်။ ညည ကား ၁ဝ စီးကျော်၊ ၂ဝ စီးလောက်နဲ့ ပို့တယ်။ တခေါက်ပို့ရင် ၄၅၀၊ ၅၀၀ လောက် သွားလာတာ တွေ့ရတယ်။ သူတို့ပြောတာပြောင်းမယ်လို့ ပြောတယ်။ ဒါပေမယ့် ကားပြန်လာရင်တော့ အလွတ်ပြန်လာတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

KIO ၏ တပ်မဟာ ၃၊ ၄၊ ၅ လက်အောက်ခံ တပ်ရင်းများနှင့် အစိုးရတပ်ဖွဲ့များအကြား နှစ်ရက်ခြားတခါ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ သမ္မတ ဦးသိန်းစိန်က စစ်ဆင်ရေးများ မပြုလုပ်ရန် ကာကွယ်ရေးဦးစီးချုပ်ကို ညွှန်ကြားထားပြီး နောက်ပိုင်း အစိုးရစစ်တပ်နှင့် KIO တပ်များအကြား ဧပြီလ ၈ ရက်နေ့အထိ တိုက်ပွဲပေါင်း ၃၆ဝ ကျော် ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန်ကျေးရွာအနီး အခြေစိုက်ထားသည့် အစိုးရ စစ်တပ်၏ ဂန်ဒေါင်ယန် တပ်စခန်းမှ ၈၁ မမ၊ ၁၂ဝ မမ လက်နက်ကြီးတို့ဖြင့် ၃၊ ၄ ရက် ဆက်တိုက် ပစ်ခတ်မှုများ ရှိလာသည်ဟု ဦးလနန်က ပြောသည်။

အဆိုပါ လက်နက်ကြီးများ ပစ်ခတ်သဖြင့် ဂန်ဒေါင်ယန်ရွာမှ သုံးမိုင်ခန့် ကွာဝေးသော ဂျာထကျေးရွာရှိ KIO အဖွဲ့ပိုင် ဘူးဂါး ကုမ္ပဏီမှ မလိချောင်း လျှပ်စစ်ဓါတ်အားပေး စက်ရုံအား ထိမှန်မည်ကို စိုးရိမ်နေရသည်ဟု သူက မဇ္စျိမကို ပြော သည်။

အဆိုပါဓါတ်အားပေးစက်ရုံမှ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် လျှပ်စစ်ဓါတ်အား ၉.၈ မဂ္ဂါဝပ် ဖြန့်ဖြူးနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လအတွင်း တရုတ်နိုင်ငံ ရွှေလီမြို့တွင် အစိုးရနှင့် KIO တို့ သုံးရက်ကြာ တွေ့ဆုံခဲ့သော်လည်း ယခုထိပြေလည်မှု မရသေးဘဲ နှစ်ဘက် ပြန်လည် တွေ့ဆုံရန် အစိုးရဘက်မှ ထပ်မံ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရအကြား ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများသည် ယုံကြည်မှု တည်ဆောက်နေခြင်း ဖြစ်ပြီး ထိုယုံကြည်မှု တည်ဆောက်မှုအပေါ် သတိထားစောင့်ကြည့်ရမည် ဖြစ်ကြောင်း ဦးလနန် က ပြောဆိုလိုက်သည်။

“ကျနော်တို့ဘက်က သိပ်ပြီး ဝေဖန်စရာ မရှိပါဘူး။ ဒါပေမယ့် ဒါတွေက နှစ်ဘက် အယုံအကြည် ရှိလာအောင် တည်ဆောက်တဲ့ ကာလလို့ပဲ မြင်တယ်။ အဲဒီလို ယုံကြည်မှုကို ဒီလိုနဲ့ တည်ဆောက်သွားရမှာပဲ။ ဒါပေမယ့် ယုံကြည်မှု ဆိုတဲ့နေရာမှာ ဟန်ဆောင်မှု ယုံကြည်မှုဆိုတာကိုတော့ ကျနော်တို့ဘက်က သတိထားပြီးတော့ စောင့်ကြည့်ရမှာပဲ” ဟု ဦးလနန်က ပြောဆိုလိုက်သည်။
 
copy rights_http://www.mizzimaburmese.com/news

0 件のコメント:

コメントを投稿