Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/04/16

တပ်မတော်သား ဘ၀ အခြေအနေတွေ အင်တာနက်မှာ ရေးသားမှုနဲ့ လေတပ်အရာရှိ သုံးဦးကို ထောင်နှစ်ရှည်ချမှတ်

 
ဧပြီလ (၉) ရက်နေ့က မြိတ် လေတပ်စခန်းက လေတပ် အရာရှိသုံးဦးကို စစ်အကျဉ်းထောင် တရားရုံးချုပ်ကနေ စစ်ခုံရုံးဖွဲ့ပြီး အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ်အနှစ် (၂၀) နဲ့ (၇) နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။

လေတပ်အရာရှိ သုံးဦးကို အင်တာနက် ဘလော့ဂ်နဲ့ ၀က်ဘ်ဆိုက်ဒ်တွေမှာ တပ်မတော်သားတွေရဲ့ ဘ၀ အခြေအနေတွေကို ဖော်ပြရေးသားမှုနဲ့ ထောင်ချခဲ့တာဖြစ်ပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ကြရတဲ့ လေတပ်အရာရှိ သုံးဦးအနက် ဗိုလ်ကြီး နေလင်းဒွေးဟာ ကျန်းမာရေးမကောင်းဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးနေလင်းဒွေး ၊ Photo by - irrawaddyblog

 အရာရှိ ဗိုလ်ကြီးနေလင်းဒွေး ကိုယ်ပိုင်အမှတ် (လေ-၂၂၈၂) ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) အပါအ၀င် ပုဒ်မ ၅/ညနဲ့ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်လိုက်ပြီး လက်ရှိ အင်းစိန်ထောင်မှာ ထိန်းသိမ်းထား ပါတယ်။ ကျန်တဲ့ ယာယီ ဗိုလ်မှူးအဆင့်နဲ့ ဗိုလ်ကြီး နှစ်ဦးကိုတော့ ဘယ်ထောင်မှာ ထိန်းသိမ်း ထားသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
 သူတို့အားလုံးကို စစ်ခုံးရုံးက စီရင်ချက် ချတဲ့အခါမှာ ရှေ့နေငှားခွင့်၊ ထုချေခွင့် မပေးခဲ့ဘူးလို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် ပြည်တွင်းမှာ မပြောင်းလဲတာ ဆိုလို့ တရား စီရင်ရေး စနစ်ဖြစ်ပြီး အရင်စစ်အစိုးရ လက်ထက်က အတိုင်း စီရင် နေဆဲပဲဆိုတာ တွေ့နေရတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမင်းလွင်ဦးကပြောပါတယ်။

ဗိုလ်ကြီး နေလင်းဒွေးနဲ့ လေတပ်အ ရာရှိ နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့က တာဝန် ထမ်းဆောင်နေချိန်အတွင်း ရုတ်တရက် ဖမ်းဆီးခဲ့ပြီး မိသားစုတွေနဲ့ အဆက်အသွယ် ဖြတ်တောက် ခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာလည်း မိသားစုဝင်တွေ အနေနဲ့ ထောင်ဝင်စာ တရားဝင် တွေ့ခွင့် မရသေးပါဘူး။ အဖမ်းခံရတဲ့ လေတပ် အရာရှိ သုံးဦးလုံးဟာ အင်တာနက် အီးမေးလ်တွေကို ကျွမ်းကျွမ်းကျင်ကျင်  သုံးစွဲတတ်သူတွေ ဖြစ်ပါတယ်။ ဗိုလ်ကြီး နေလင်းဒွေးဟာ တာဝန် ထမ်းဆောင် နေစဉ်မှာ ခြေထောက် ထိခိုက်ခဲ့တဲ့ ဒဏ်ရာကြောင့် အရိုးမှာ ထုံကျဉ် ကိုက်ခဲတဲ့ ဝေဒနာခံစားနေရသူ ဖြစ်တယ်လို့လည်း သိရပါတယ်။by: RFA Burmese

0 件のコメント:

コメントを投稿