Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/04/15

မြန်မာအစိုးရတပ် သိမ်းပိုက်ထားသော KIA တပ်စခန်း ပြန်ရ

 
2012 April 14,

နှစ်ရက်ကြာ မြန်မာအစိုးရတပ်က သိမ်းပိုက်ထားသော ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ဒေါ့ဖုန်းယန် ပန်စွန်စခန်း (Pan Tsun post) အား KIA မှ ဧပြီ ၁၃၊ သောကြာနေ့ညက ပြန်လည် ရရှိခဲ့ကြောင်း KIA က...ဆိုသည်။

နှစ်ဖက်တပ်များကြား နာရီပေါင်း များစွာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဗန်းမော် (မန်မော်)ခရိုင်၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲရှိ လိုင်ဇာ KIO/KIA ဗဟိုဌာနချုပ် ကာကွယ်ရေး တပ်ဖွဲ့၊ KIA တပ်မဟာ ၅ အောက် တပ်ရင်း ၁၉ ၏ ပန်စွန် ရှေ့တန်းစခန်း (Pan Tsun post) ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု KIA က ဆိုသည်။

KIO/KIA (ကချင်လွတ် မြောက်ရေး အဖွဲ့/တပ်ဖွဲ့) ဗဟိုဌာနချုပ် လိုင်ဇာ တောင်ဘက် ၁၀ မိုင်ခန့် အကွာရှိ စစ်ရေးအရ အရေးပါသော ပန်စွန် စခန်းကို ဧပြီ ၁၁၊ ဗုဒ္ဒဟူးနေ့က အစိုးရတပ်မှ ၁၂၀ မမ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ယာယီ ဆုတ်ခွာ ပေးခဲ့သည်ဟု ရှေ့တန်း KIA သတင်းရပ်ကွက်က ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရက စစ်အင်အား အလုံးအရင်းဖြင့် လိုင်ဇာသိမ်းရန် စစ်ရေး ပြင်ဆင်နေခြင်းကြောင့် KIO မှလည်း ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များသို့ အစိုးရတပ်ဖွဲ့များအား မည်သည့် နေရာတွင်မဆို တိုက်ခိုက်ရန် ယခုလ အစောပိုင်းက အမိန့်ပေးခဲ့သည်။

ပြီးခဲ့သည့် မတ်လအထိ KIA စစ်သားများအား ၎င်းတို့နယ်မြေထဲ ၀င်လာသည့် အစိုးရ စစ်ကြောင်းများကိုသာ အကန့်အသတ်ဖြင့် ခံစစ်ပြုလုပ်ရန် ခွင့်ပြုထားသည်။

ဗမာအမျိုးသားများ ချုပ်ကိုင်သော ယခင် မြန်မာအစိုးရ အဆက်ဆက်နှင့် အလားတူ စစ်တပ် ကျောထောက် နောက်ခံ ဦးသိန်းစိန် အရပ်သားအစိုးရကလည်း KIO နှင့် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးရန် လက်ခံခြင်း မရှိပါ။

မတ်လက မြန်အစိုးရနှင့် KIO ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် သတိယအကြိမ် တွေ့ဆုံစဉ် ရှေ့ နိုင်ငံရေးဆွေးနွေးခြင်း အဆင့်သို့ တက်လှမ်းရန် ကျဆုံးပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲ အရှိန်အဟုန် မြှင့်တက်လာသည်။

By KNG

0 件のコメント:

コメントを投稿