Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/04/30

UNFC ခေါင်ဆောင်ကြီးများ နှင့် AUN-Japan အဖွဲ့ သူ အဖွဲ့ သား များ တွေ့ ဆုံပွဲ (ဓါတ်ပုံမှတ်တမ်း)


နိုင်ငံရေး ပြသာနာကို နိုင်ငံရေး နည်းနှင့်ဖြေရှင်းမှသာ ခိုင်မာသည့် ငြိမ်းချမ်းရေးရနိုင်မည်။
 ဖဒို စောဒေဗစ်သာကဘော(ရုပ်သံ)
 
UNFC  ခေါင်းဆောင်ကြီးများ နှင့် မြန်မာ့ ဒီမိုကရေစီအရေး  လှုပ်ရှားမှု အင်အားစုများနှင့်  တွေ့ ဆုံ နှီးနှော ပွဲ (ရုပ်သံ)

ဂျပန်နိုင်ငံရောက် UNFC တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ 

 

2012-4-29 by Aye Mandar Aung

ဂျပန်နိုင်ငံရောက် ဧည်သည်တော်များဖြစ်ကြသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Councle (Union of Burma) မှ တိုင်းရင်းသား ခေါင်းဆောင် များဖြစ်သော အဖွဲ့ခေါင်းဆောင် UNFC ဒုတိယ ဥက္ကဌ ဖဒိုစောဒေးဗစ်တာကဘော၊ အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် UNFC ဗဟိုကော်မတီဝင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ တို့နှင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လိုလားသော ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ၂၀၁၂.ဧပြီလ.၂၉ နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ SHIMAOCHIAI အရပ်ရှိ……..တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခန်းအနားတွင် ဧည့်သည်တော်တိုင်းရင်းသား ခေါင်းဆောင်တို့မှ ပြည်ထောင်စုဖွား တိုင်းရင်းသားများအတွက် စစ်မှန်တဲ့ ပြည်ထောင်စု အခွင့်အရေးရရှိရေးအတွက် ကြိုးပမ်းနေကြတဲ့ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီကွန်ယက်  NDBနှင့် ဂျပန်ရောက် တိုင်းရင်းသားများအားလုံးကို လေးစားပါကြောင်း၊ ယခုနောက်ပိုင်းမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားလာမှု ပိုမိုများပြားလာတဲ့အပြင်၊ တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍဟာလည်း အရေးကြီးကြောင်း
သိလာတာနဲ့အမျှ တိုင်းရင်းသားများကိုလည်း ပိုမိုအလေးပေး ဆက်ဆံလာကြောင်း တွေ့ရတဲ့အတွက် ဝမ်းသာကြောင်း၊ UNFC  ရဲ့  အပစ်အခတ် ရပ်စဲရေးအတွက်  ပဏာမအနေနဲ့ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရှိသလို လက်မှတ်မထိုးတာထားတဲ့အဖွဲ့တွေလည်း ရှိကြောင်း၊  UNFC အနေနဲ့ အောက်ခြေ လုပ်ငန်းစဉ်တွေ မတူပေမယ့် မဟာ မူဝါဒအရ တသဘောထားတည်း ဖြစ်ကြောင်း၊ UNFC က အဖွဲ့အားလုံးရဲ့ မဟာ မူဝါဒသဘောထားအရ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကိုသာ ရရှိရေးသာ ဖြစ်ကြောင်း UNFC အနေနဲ့ နှစ်ခြမ်းကွဲနေတာ မဟုတ်ကြောင်း ၇ှင်းလင်းပြောကြခဲ့ပါသည်။

ဆက်လက်ပြီးလည်း မြန်မာပြည်မှာ ခေတ်အဆက်ဆက်
အစိုးရက တိုင်းရင်းသားအပေါ် နိုင်ငံရေး ထိုးစစ်များ ဆင်လာတိုင်း တိုင်းရင်းသားများအနေနဲ့ ဖရိုဖရဲ ဖြစ်ရကြောင်း၊ သို့ဖြစ်ပါ ယခုအခါ လက်ရှိအစိုးရရဲ့ တိုင်းရင်းသားအဖွဲ့များအား နိုင်ငံရေးထိုးစစ်ဆင်လာမှုများကို သတိထားေ
န ရကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။

-UNFCအနေဖြင့် လက်ရှိ မြန်မာအစိုးရအား....
(၁) ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် အဖွဲ့လိုက်နဲ့ ဦးသိန်းစိန်အစိုးရ တွေ့ဆုံဆွေးနွေးရေး
(၂)အပစ်အခတ် ရပ်စဲရေး လုပ်ကိုင်ရာတွင်လည်း တနေရာချင်း တနေရာချင်း အပစ်အခတ် ရပ်စဲရေးမျိုးမဟုတ်ဘဲ တနိုင်ငံလုံးရှိ တိုင်းရင်းသားဒေသများအား တပြည်လုံးအတိုင်းအတာအနေနဲ့ အပစ်အခတ် ရပ်စဲရေးကိုအစိုးရက တရားဝင် ကြေငြာပေးရေး
(၃)၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး….စတဲ့ အချက်(၃) ချက်ကို ဂျပန်ရောက်  ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးအနေနဲ့ လက်ရှိ အစိုးရကိုတိုက်တွန်း နှိုးဆော်ပေးကြပါရန် လည်း ပြောကြားသွားခဲ့ပါသည်။

ဆက်လက်ပြီး ကချင်တိုင်းရင်းသားအနေနဲ့ မြန်မာပြည်က အမှန်တကယ်ပင် ချစ်မြတ်နိုးကြောင်း၊ ကချင် တိုင်းရင်းသားများအနေနဲ့ ဗမာ စစ်တပ်နှင့် စတင်၍ တိုက်ပွဲဖြစ်ရခြင်း အကြောင်းရင်းများကို သမိုင်းအထောက်အထားများနှင့်တကွ
ရှင်းလင်း ပြောကြားခဲ့ပါသည်။ ယခုကဲ့သို့ ကချင်ဒေသကို ထိုးစစ်ဆင်နေရုံနဲ့ စစ်မှန်တဲ့ အဖြေတခု ထွက်ပေါ်မလာနိုင်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဂျပန်ရှိ  မြန်မာ့ ဒီမိုကရေစီ ကွန်ယက် NDB တွင် ပါဝင်သော အဖွဲ့အစည်းအသီးသီးတို့၏ တာဝန်ခံ ကိုယ်စားလှယ်များနှင့် လည်ကောင်း၊ တက်ရောက်လာသော ပရိသတ်များနှင့်လည်းကောင်း ဧည့်သည်တော်များက မိတ်ဆက်စကားပြောခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
ထို့နောက် ဧည့်သည်လူကြီးများနှင့် တက်ရောက်လာကြသော ပရိသတ်များ တိုင်းရင်းသားအရေးနှင့် ပါတ်သက်၍ အပြန်အလှန် သိလိုသည်များကို  မေးမြန်းခြင်း၊ ဆွေးနွေးပြောကြားခြင်းများကို ပြုလုပ်ခဲ့ကြပြီး အခန်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
သတင်း.မှတ်တမ်းဓါတ်ပုံ.....Moe Min Thu

2012/04/29

တိုကျိုတွင် ကျင်းပပြုလုပ်သည့် ပထမဆုံယအကြိမ် ကချင်ရိုးရာ မနောပွဲတော်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ( KUMRUM MANAU ) ကချင်ရိုးရာ မနောပွဲတော်ကို TOKYO TOWER အနီးရှိ ရှိဘပန်းခြံ၌ ၂၀၁၂ ခုနှစ် ဧပြီလ (၂၈)ရက် နံနက် ၁၀း၃၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည် ။  
သတင်းမှတ်တမ်းဓါတ်ပုံ ။ Thar Htet

2012/04/28

UNFC ကိုယ်စားလှယ်များ တိုကျိုခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်


၂၀၁၂ ခုနှစ် ဧပြီလ ၂၇ ရက်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ တိုင်းရင်းသား ခေါင်းဆောင် UNFC ကိုယ်စားလှယ် တိုသည် ယနေ့ ၂၇ ရက် နေ့တွင် တိုကျို Yurakucho ရှိ The Foreign Correspondents' Club of Japan နိုင်းငံခြားသတင်းထောက်များ အသင်းရုံး၌ ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတရပ်ကို  ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည့် သတင်းမှတ်တမ်း ဓါတ်ပုံဖြစ်ပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Thar Htet

2012/04/27

UNFC ကိုယ်စားလှယ်များ နိုင်ငံခြားရေးဌာနနှင့် လွတ်တော်ရုံးသို့ သွားရောက်တွေ့ဆုံ

၂၀၁၂ ဧပြီလ ၂၆ ရက်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျပန်လွတ်တော် အမတ်များတို့ကို သွားရောက်တွေ့ဆုံခဲ့ကြပါသည်။
ဂျပန်အစိုးရမှ မြန်မာနိုင်ငံသို့ ODA အကူအညီပေးရာတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ် ဒဏ်ကြောင့် စစ်ဘေးဒဏ်ခံခဲ့ကြရသည့် တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ ဒေသများ၌ လူသားခြင်း စာနာသည့် အကူညီအဖြစ် ပညာရေး ကျမ္မာရေး စိုက်ပျိုးရေး အကူအညီများတို့ကို အစိုးရများမှတဆင့် မဟုတ်ပဲ NGO များ ပြည်သူမှ ပြည်သူထံတို့ ကူညီပေးဖို့ ဆွေးနွေးခဲ့ကြပါသည်။
ဂျပန်အစိုးရမှ မြန်မာအစိုးရအား ပေးအပ်သည့် ODA အကူအညီကို အခြေခံပြီး စစ်မှန်သည့် အပြောင်းအလဲ ဖြစ်အောင် တိုက်းတွန်းပေးဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် ဂျပန်အစိုးရမှ ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ကြားဝင် ဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်း ပြောဆိုသွားခဲ့ကြကြောင်း  သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo

ကျမ်းကျိန် စာသားကိစ္စ နိုင်ငံရေးပြဿနာ မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆို

2012-04-26
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ်တွေ အခုကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို မတက်ရောက်နိုင်သေးတဲ့ ကိစ္စဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာ တစ်ခုသာဖြစ်ပြီး နိုင်ငံရေးပြဿနာ မဟုတ်ဘူးလို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၂၆ ရက်က အီတလီ နိုင်ငံခြားရေး ၀န်ကြီး Mr. Giulio Terzi di Sant' Agata နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အီတလီ နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant' Agata နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။
ဒီအခြေနေဟာ ချောချောမွေ့မွေ့ ပြီးဆုံးမယ်လို့ မျှော်လင့်ကြောင်း၊ ဒီကိစ္စဟာ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာတရပ်သာဖြစ်ပြီး နိုင်ငံရေးပြဿနာလို့ မယူဆကြောင်း၊ နိုင်ငံရေးအရ မဆုတ်သာ မတိုးသာတဲ့ အခြေအနေကို ရောက်ရှိစေရန် တွန်းအားပေးမှာ မဟုတ်ကြောင်း၊ ပါတီကို ထောက်ခံ အားပေးသူတွေလည်း တစ်သဘောထဲ ရှိမယ်လို့လည်း ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
NLD ပါတီ ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ခဲ့တဲ့ အကြောင်းတွေထဲမှာ အခုစကားလုံး ပြဿနာလည်း အဓိက ပြဿနာတစ်ခုအဖြစ် ပါဝင်တယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး သမ္မတ ဦသိန်းစိန်ရဲ့ ရိုးသားတဲ့ သဘောထား အပြုအမူတွေအပေါ် ယုံကြည်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေမှာ သမ္မတနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ် လို့လည်း ပြောကြားခဲ့ပါတယ်။
copy rights_http://www.rfa.org/burmese/news/assk-oath-wording-press-04262012104137.html

ထောင်တွင်းသို့ သွင်းယူရန် ကြိုးပမ်းခဲ့လို့ တရားစွဲခံခဲ့ရဖူးတဲ့ သက်သေခံ ပစ္စည်း

 
ကျနော် အကျဉ်းကျနေစဉ် ထောင်တွင်းသို့ သွင်းယူရန် ကြိုးပမ်းခဲ့လို့ တရားမ၀င် ပစ္စည်း သွင်းယူရန် ကြိုးပမ်းမှုနဲ့ တရားစွဲခံခဲ့ရဖူးတဲ့ သက်သေခံ ပစ္စည်း ဗိုလ်ချုပ်အောင်ဆန်း ပုံပါ အကျီနဲ့ ဓါတ်ပုံ စတစ်ကာ လေးတွေ ရင်ထိုးလေးတွေကို မနေ့က အင်းစိန် တရားရုံးကနေ သွားပြန် ယူလာပါတယ်။

တရားရုံးက တရားရေး ၀န်ထမ်းတွေက ကျနော့်ကို တွေ့တွေ့ချင်း ၀မ်းသာအားရ ဖြစ်ကုန်ကြပါတယ်။ ဒီပုံလေးတွေ ဒီ တံဆိပ်လေးတွေကို လိုချင်နေတာ တရားစွဲ အမှုအခင်းကနေ အပြီးပြတ် လွှတ်လိုက်တဲ့ နေ့ကတည်းကပါတဲ့။ သူတို့ချစ်တဲ့ ဗိုလ်ချုပ် ပုံလေးတွေကို အခုလို သက်သေ အဖြစ်သိမ်းဆည်း ထားရတာကို သူတို့လည်း မလိုချင်ပါဘူးတဲ့။ ကျနော့်ဖုန်းကိုလည်း မသိတော့ ဆက်သွယ်လို့ မရဖြစ်နေတာ အခု ၀မ်းသာ သွားကြပါတယ်တဲ့။

ဒါနဲ့ပဲ သက်သေခံ ပစ္စည်း ပြန်ထုတ်ခွင့် ပုံစံကို အမြန်ဖြည့်ပြီး တရားသူကြီးကလည်း ချက်ချင်း လက်မှတ်ထိုးပေးပါတယ်။ အားလုံး ပြုံးပျော်ရွှင်နေကြပုံပါ။ ပစ္စည်းတွေ စစ်ပြီးတာနဲ့ တရားရေး ၀န်ထမ်း မမ ညီမ များက သူတို့ မြတ်နိုးတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ အမေစု ပုံလေးတွေကို ပေးပါလို့ တောင်းပါတယ်။

ဒါနဲ့ပဲ ကျနော် တရားရုံး ကော်ရစ်ဒါမှာပဲ ကျနော့်ဆီကနေ တရားမ၀င် ပစ္စည်းအဖြစ် အကျဉ်းထောင် ပိုင် ဦးသက်ရှည် က တရားစွဲ တင်သွင်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ရင်ထိုးလေးတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါ သော့ချိတ်ကလေးတွေ ဓါတ်ပုံလေးတွေ စတစ်ကာလေးတွေကို တရားရေး ၀န်ထမ်း တွေဆီ မျှဝေပေးလိုက်ပါတယ်

ခေတ် ပြောင်းခဲ့ပြီလေ။ စနစ်ဟောင်း က လွန်မြောက်ခဲ့ပြီလေ။ ဒါပေမယ့် လောလောဆယ်တော့ လွှတ်တော်တွင်းက တိုင်းပြည် အနာဂတ် ရှုမြင် ကြည့်မျှော်သူနဲ့ လတ်တလော တာတိုကိုပဲ ကွက်မြင်သူတို့ လွန်ဆွဲပွဲက ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်နေတော့ ဘုရားပဲ တ ရမလို၊ ရင်တထိတ်ထိတ်တော့ ဖြစ်နေမိတယ်။ လူကြီးလူကောင်းတွေ အနာဂတ် သားကောင်းတွေ ပြည်သူ့ ကိုယ်စားလှယ်ကြီးတွေ မျက်စိတဆုံး ရှုမျှော်တွေးဆ နိုင်ကြပါစေဗျာ။
 

by: Nay Myo Zin

2012/04/26

UNFC တိုင်းရင်းသားခေါင်းဆောင်များ ဂျပန်ခရီးစဉ် ရုပ်သံ မှတ်တမ်း
 
1 2
3

UNFC တိုင်းရင်းသားခေါင်းဆောင်များ ဂျပန်ခရီးစဉ်။





၂၀၁၂ ခုနှစ် ဧပြီလ ၂၅ ရက်။

ဂျပန်နိုင်ငံသို့ ရောက်ရှိလာသော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ စည်း များဖြင့် ဖွဲ့ စည်းထားသည့့်UNFC တိုင်းရင်းသား ခေါင်းဆောင်  ကိုယ်စားလှယ် များအား ယနေ့ ၂၅ရက် နေ့တွင် တိုကျို နာရိတာ လေဆိပ်သို့ ရောက်ရှိလာပြီး ညီညွတ်သော တိုင်းရင်းသားအဖွဲ့အစည်း(AUN-Japan) နဲ့ KNO-Japan တာဝန်ရှိ ကိုယ်စားလှယ်များ အဖွဲ့ သူ၊ အဖွဲ့ သား တို့မှ သွားရောက် ကြိုဆို ခဲ့ကြပါသည်။
တိုင်းရင်းသား ခေါင်းဆောင်များတို့၏ ခရီးစဉ်တွင် အဖွဲ့ခေါင်းဆောင်အဖြစ် UNFC ဒုတိယ ဥက္ကဌ ဖဒို စောဒေးဗစ်သာကဘောမှ ဦးဆောင်ပြီး အထွေထွေအတွင်းရေးမှူး(၂) ဗိုယ်မှူးကြီး ခွန်ဥက္ကာ နှင့် UNFC ဗဟိုကော်မတီဝင် KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ တို့ပါဝင်ပြီး ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျပန်လွတ်တော် အမတ်များတို့ကို သွားရောက်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေး အခြေအနေများကို ရှင်းလင်းပြောဆို ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သလို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့ကိုလည်း တွေ့ဆုံသွားမည် ဖြစ်ပါသည်။
ဤခရီးစဉ်နှင့် ပတ်သက်၍ တိုကျို Yurakucho ရှိ The Foreign Correspondents' Club of Japan နိုင်းငံခြားသား သတင်းထောက်များ အသင်းရုံးသို့ UNFC ကိုယ်စားလှယ်များတို့မှ ဂျပန်ရှိ သတင်းမီဒီယာများတို့ကို ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ တရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ။        ။ Moe Min Thu

မြန်မာ့နိုင်ငံရေးပြေလည်ရင် အာရှထိပ်တန်းဖြစ်နိုင်

ဓာတ်ပုံ AP


NLD ပါတီ လွှတ်တော်မတက်နိုင်တဲ့ အခြေအနေကို ညှိနှိုင်းဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ကုလ၊ မြန်မာ ဆိုင်ရာ အထူးအကြံပေး ဘီဂျေ၊ နမ်ဘီးယားက ပြောပါတယ်။
ကျမ်းသစ္စာကျိန်ဆိုရမယ့် စကားအသုံးအနှုန်းအပေါ် အချေအတင် ဖြစ်နေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်တွေ လွှတ်တော်မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေတွေကို ညှိနှိုင်းဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။ နိုင်ငံရေးအရ တိုးတက်အောင်လုပ်နိုင်မယ်ဆိုရင် အာရှမှာ ထိပ်တန်းနိုင်ငံတခု အထိတောင် ဖြစ်လာနိုင်တယ်လို့လည်း အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar က ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံရေးအရ ကွဲလွဲမှုတွေ ရှိနေပေမဲ့ နောက်ဆုံးမှာ ပြေလည်မှု ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးပုဂ္ဂိုလ်က ပြောလိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဒီလဆန်းမှာ ကျင်းပတဲ့ ကြားဖြတ် ရွေးကောက် ပွဲတွေမှာ အနိုင်ရခဲ့ပေမဲ့ ကျမ်းသစ္စာ ကျိန်ဆိုရာမှာ သုံးနှုန်းတဲ့ စကားလုံးအပေါ် သဘောကွဲလွဲရာက လွှတ်တော် မတက်နိုင်ဘဲ ဖြစ်နေရတဲ့အခြေအနေကို နှစ်ဘက်အကြား ညှိနှိုင်းပြေလည်မှု ရစေ ဖို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေတဲ့အထဲ အခုနောက်ဆုံး အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။ အစိုးရနဲ့ NLD ကြား ကွဲလွဲမှုတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း AP သတင်းဌာနနဲ့ သီးခြားတွေ့ဆုံ မေးမြန်းရာမှာ ပြောလိုက်တာ ဖြစ်ပါတယ်။
“ဒီကိစ္စကို ပြေလည်အောင် နှစ်ဘက်စလုံးက ဖြေရှင်းနိုင်တဲ့ ဉာဏ်အမြော်အမြင်ရှိမယ်ဆိုတာ ကျနော် သေချာပေါက် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေ အနေနဲ့ အောင်မြင်မှုတွေ ရနိုင်ဖို့ အတွက် ရွေးကောက်ပွဲ အဆင့်အထိ ရောက်လာတဲ့ တကယ့် ခြေလှမ်းတွေကို လှမ်းခဲ့ကြတာတွေကို ကျနော်ဖြင့် တွေးတောင် မတွေးမိပါဘူး။”

2012/04/25

မြစ်ကြီးနားတွင် ဆွေးနွေးရန် အစိုးရ ကမ်းလှမ်းချက် KIO ငြင်းပယ်

KIO ဗဟိုဌာနချုပ်အနီး လက်နက်ခဲယမ်းနှင့် စစ်အင်အားများ အစိုးရ လေကြောင်းမှ တဆင့် ဖြည့်တင်း လာမှုများပြုလုပ် လာခဲ့သလို တဖက်မှာ ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းတယ် ဆိုတာ  ယုံကြည်နိုင်စရာမရှိပါ
 
မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရဘက်မှ ကမ်းလှမ်းချက်အား စစ်ရေး တင်းမာ နေချိန်တွင် မဖြစ်နိုင်သေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်မှ ငြင်းဆိုလိုက်ပြီး ပြန်လည် မေးခွန်း မေးထားသည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင်များနှင့် KIO က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဘက်မှ KIO သို့ ကမ်းလှမ်းစာအား KIO ဘက်မှ ဧပြီလ ၂ဝ ရက်နေ့တွင် စာပြန် လိုက်ခြင်းဖြစ်သည်ဟု KIO ၏ ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

“ဒီတခေါက် ပြန်လည် တွေ့ဆုံတဲ့အခါ ပိုမိုပွင့်လင်း မြင်သာမှု ရှိဖို့အတွက် ပြည်သူလူထုတွေရော ပါဝင် တက်ရောက်နိုင်အောင် မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမှု ပြုလုပ်ရအောင် ဆိုပြီး အကြောင်း ကြားလာတယ်။ ကျနော်တို့ဘက်က စစ်ရေးအခြေအနေ တင်းမာနေတဲ့ အချိန်မှာ မြစ်ကြီးနားမြို့ပေါ်မှာ ဆွေးနွေးမယ်ဆိုတာ မဖြစ်နိုင်သေးဘူး။ တပ် အခြေအနေ ပတ်သက်လို့ ဆွေးနွေးမှုမှာ လူထုက ဘယ်လို ကဏ္ဍကနေ ပါဝင်မလဲဆိုတဲ့ကိစ္စ ကျနော်တို့ နားမလည် နိုင်တဲ့အကြောင်း ပြန်မေးခွန်း ထုတ်ထားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။


မတ်လ အတွင်းက အစိုးရ ငြိမ်းချမ်းရေး ခေါင်းဆောင် ဦးအောင်သောင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ပြီးနောက် တိုက်ပွဲအရှိန် ပိုမြင့်လာခြင်း၊ ဧပြီလဆန်းပိုင်းတွင် KIO ဗဟိုဌာနချုပ်အနီး အစိုးရ တပ်အင်အားများ ပိုမို တိုးချဲ့လာသဖြင့် မြစ်ကြီးနားမြို့မှာ တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း အစိုးရထံ အကြောင်းပြန် လိုက်သည်ဟု ဦးလနန်က ပြောသည်။

KIO ၏ ဌာနချုပ်ဟောင်းရှိရန် ပါဂျောင်ဘွမ်နှင့် လက်ရှိ လိုင်ဇာဌာနချုပ်အကြားရှိ အစိုးရ၏ နာဖော့စခန်းအတွင်း ယခုရက်ပိုင်းအတွင်း လက်နက်ခဲယမ်းနှင့် စစ်အင်အားများ အစိုးရ လေကြောင်းမှ တဆင့် ဖြည့်တင်းလာမှုများ ရှိသည်ဟုလည်း ဦးလနန် က ဆိုသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့်က ပယ်ဖျက်

2012-04-24
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထောင်စု အဆင့်ကနေ ပယ်ဖျက်ပြီး သမ္မတရုံး ဘတ်ဂျက်နဲ့ လုပ်ငန်းဆောင်ရွက်စေမှာ ဖြစ်ကြောင်း ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၂၃ ရက်က နေပြည်တော်တွင် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်၊ တတိယ ပုံမှန်အစည်းအဝေး ကျင်းပနေစဉ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော် စည်းဝေးပွဲကို နိုင်ငံတော် သမ္မတက အဆိုပြုချက် ၃ စောင် တင်သွင်းခဲ့တဲ့အထဲမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်နဲ့ ပတ်သက်ပြီး အတည်ပြုတာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တွေရဲ့ လစာငွေလျော့ချခြင်း၊ အငြိမ်းစားဝန်ထမ်းတွေရဲ့ ပင်စင်လစာ တိုးမြှင့်ပေးခြင်း စတဲ့ ကိစ္စရပ်တွေကိုလည်း နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ အတည်ပြုလိုက်ကြောင်း သိရပါတယ်။
နိုင်ငံတော်ရဲ့ဘတ်ဂျက်နဲ့ စီမံခန့်ခွဲတဲ့ ကိစ္စရပ်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ရယူရမှာ ဖြစ်ပေမဲ့ အဆိုပါ ကိစ္စရပ်တွေမှာတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်တာ ဖြစ်ကြောင်း သိရပါတယ်။
copy rights_http://www.rfa.org/burmese/news

2012/04/24

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှ ကြိုဆိုကြောင်း သမ္မတ ဦးသိန်းစိန်ပြောဆို

2012-04-23
ပြည်သူ့ လွှတ်တော်ကို ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်လာမှာကို ကြိုဆိုပါတယ်။ လွှတ်တော်ကို တက်ဖို့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အဆုံးအဖြတ်ပေးရမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ဂျပန် သတင်းထောက်များကို ပြောကြားကြောင်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
AFP
၂၀၁၂ခုနှစ် ဧပြီလ ၂၁ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုတွင်ကျင်းပသော မဟာမဲခေါင်ဒေသ အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် Mr. Yoshihiko Noda တို့ကိုတွေ့ရစဉ်။
သတင်းထောက်တစ်ဦးရဲ့ အမေးကို ဖြေကြားရာမှာ ဦးသိန်းစိန်က မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ပြုပြင် ပြောင်းလဲမူတွေ ချမှတ်ပြုလုပ်နေတာကို နောက်ကြောင်းပြန်မှာ မဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရည်မှန်းချက်တူညီတဲ့ ဆောင်ရွက်ချက်တွေကို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ လုပ်ပေးမပေး မေးမြန်းရာမှာတော့ ဒီကိစ္စကို ပြည်သူကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ပြည်သူ့ ဆန္ဒနဲ့ ပြည်သူရဲ့ ရွေးချယ်မှုသာ အဓိကဖြစ်ပါတယ်လို့ ဖြေကြားသွားပါတယ်။
NLD ပါတီ အဆိုပြုထားတဲ့ ပါလီမန်လွှတ်တော်ကို မ၀င်ခင် ကျမ်းကျိန်ဆိုရမယ့် စာသားကို ပြင်ဆင်ပေးဖို့ တောင်းဆိုချက်အပေါ် သူ့အနေနဲ့ ဆောင်ရွက်ပေးဖို့ အစီအစဉ် မရှိသေးဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောတယ်လို့လည်း ဂျပန်နိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါနဲ့ ပတ်သက်လို့ လိုက်ပါသွားတဲ့ မြန်မာ အရာရှိတစ်ဦးကတော့ အစီအစဉ်မရှိဘူးလို့ သမ္မတက မပြောကြောင်း၊ ဘာသာပြန်ဆိုကြတာ မှားတာဖြစ်ကြောင်း ပြန်လည် ငြင်းဆိုထားပါတယ်။
copy rights_http://www.rfa.org/burmese/news/u-thein-sein-japan-04232012084412.html

ကေအိုင်အေ အပစ်ရပ်မှ UNFC နှင့် အစိုးရတွေ့ဖွယ်ရှိ

ဧပြီလ 23 ရက် 2012 ခုနှစ်။
အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ဖြစ်ကြောင်း UNFC အဖွဲ့က တရားဝင် ကြေငြာခဲ့သော်လည်း နော်ဝေးနိုင်ငံမှအပြန် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက UNFC အဖွဲ့ဝင် ဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့်သာ တမြန်နေ့က တွေ့ဆုံခဲ့သည်။

KNPP နှင့်တွေ့ဆုံဆွေးနွေးစဉ်ကတွေ့ရသော အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း (photo: KNPP)
KNPP နှင့်တွေ့ဆုံဆွေးနွေးစဉ်ကတွေ့ရသော အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်း ( photo: KNPP)

အဆိုပါ တွေ့ဆုံပွဲတွင် ကရင်နီပြည်နယ် အဆင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက်ပိုင်း UNFC နှင့် ပတ်သက်၍လည်း ဆွေးနွေး ခဲ့ကြောင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က ပြောသည်။

“ တိုင်းရင်းသားတွေနဲ့ အဓွန့်ရှည် အပစ် ရပ်နိုင်ဖို့က အစိုးရနဲ့ရော စစ်တပ် အနေနဲ့ရော လွှတ်တော်အနေနဲ့ ရောပြန်ပြီးတော့ ညှိနှိုင်းဖို့ အချိန်တခု လိုအပ်တယ်။ ဒီအတွက် ဖန်တီးဖို့လိုတယ်။ နောက်တခု UNFC နဲ့မဆွေးနွေး ဖြစ်သေးတာက KIO ကိစ္စကြောင့်လို့ အတိ အကျ မပြောနိုင်ပေမယ့် KIO နဲ့ပတ်သက်တဲ့အချက် အလက်တွေ ရှာဖွေပြီးတော့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့
ယုံကြည်ပါတယ်” ဟု၎င်းက ပြောသည်။

ဧပြီလ ၂၁ ရက် KNPP နှင့် ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရအဖွဲ့ တွေ့ဆုံကြစဉ် ဦးအောင်မင်းက ‘KIO အဖွဲ့နှင့် အပစ်ရပ်ရေး ဆွေးနွေးနိုင်ပြီး နောက်ပိုင်းမှသာ UNFC အဖွဲ့အားတွေ့ဆုံလျင် ပိုမိုသင့်လျော်ဖွယ်ရှိ ကြောင်း’ သို့သော် PNLO ၏ ဥက္ကဌ လည်းဖြစ် UNFC ၏ တွဲဖက် ဒုတိယ အတွင်းရေးမှူး လည်းဖြစ်သော ခွန်ဥက္ကာ က အစိုးရ နှင့် UNFC နှင့် ဦးစွာ တွေ့ဆုံဆွေးနွေးလျှင် ကေအိုင်အေ နှင့် ငြိမ်းချမ်းရေး လွယ်လင့်တ ကူရရှိနိုင်ဖွယ် ရှိကြောင်း ပြောကြားပါသည်။

ခနောက်စိမ်း တူးဖော်မှုကို ဧပြီလကုန်တွင် ကေအဲန်ယူ ရပ်ဆိုင်းမည်

ဧပြီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ မောလူ့တောင် (ဒေသခံအခေါ်)ရှိ ကုမ္ပဏီနှစ်ခု၏ ခနောက်စိမ်းတူးဖော်မှုကို ယခုဧပြီလကုန်တွင် ရပ်ဆိုင်းမည်ဟု သိရသည်။

KNU ဖာပွန်ခရိုင် ဥက္ကဌ ပဒိုစောထဲန်ဒယ်က “အရင်နှစ်တုန်းကတော့ နွေရာသီအချိန်မှာ ကုမ္ပဏီတွေကို ဇန်န၀ါရီလကနေ ဧပြီလအထိ တူးဖော်ခွင့်ပေးတယ်။ ဒီနှစ် ဒေသခံတွေက အခက်အခဲတွေ တင်ပြလာတော့ သူတို့အတွက် ကျနော်တို့ ထည့်စဉ်းစားပေးရမယ်။”ဟု ပြော သည်။

အဆိုပါ ခနောက်စိမ်း တူးဖော်သည့်နေရာသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်(ကေအဲန်ယူ ဖာပွန်ခရိုင်)နှင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ (ကေအဲန်ယူ သထုံခရိုင်) နယ်စပ်အကြားတွင် တည်ရှိပြီး ၂၀၀၆ခုနှစ်ကတည်းက ကေအဲန်ယူ၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်အခြေစိုက် စိုင်းသူရပိုင် “မြင့်မြတ်စံ”ကုမ္ပဏီနှင့် ကိုချိုပိုင် “ထွဋ်ခေါင်” ကုမ္ပဏီတို့က စတင် တူးဖော်ခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေက သူတို့အတွက် ထိခိုက်မှုတွေ ရှိတယ်လို့ ကျနော်တို့ကို တင်ပြထားတာ ရှိတယ်လေ။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ ဒီလ ကုန်အထိပဲ တူးဖော်ဖို့ ကျနော်တို့ ခွင့်ပြုတာဖြစ်တယ်။”ဟု KNU သထုံခရိုင် ဥက္ကဌ ပဒိုစောပဲနုက ကေအိုင်စီသို့ ပြောသည်။

2012/04/23


NLD ပါတီ လွှတ်တော်တက်ဖို့ ရွှေ့ဆိုင်း

Burmese pro-democracy leader Aung San Suu Kyi is mobbed as she leaves her office in Yangon April 22, 2012.
ဓာတ်ပုံ Reuters
တနင်္ဂနွေ, 22 ဧပြီ 2012 By မသင်းသီရိ
နေပြည်တော်မှာ ပြန်ကျင်းပမယ့် လွှတ်တော်ကို NLD ပါတီက မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘဲ လွှတ်တော် တက်နိုင်မယ့် အချိန်ကို စောင့်နေတာဖြစ်တယ်လို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ NLD ရုံးချုပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။  ညှိနှိုင်းစရာတွေ ကျန်နေသေးတဲ့အတွက်  မနက်ဖြန် ဧပြီလ ၂၃ ရက် တနင်္လာနေ့မှာ ပြန်စမယ့် လွှတ်တော် အစည်းအဝေးတွေကိုတော့ NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ်တွေ မတက်ဖြစ်သေးဘူးလို့လည်း NLD ပါတီကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြထားပါတယ်။
ရွေးကောက်ခံ ကိုယ်စားလှယ်တွေ လွှတ်တော် မတက်ခင် ကျမ်းကျိန်စဉ်အတွင်း ရွတ်ဆိုရတဲ့ ပုဒ်မ (၁၂၅) ဇယား (၄) ပါ စာသားအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့အစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမယ် ဆိုတဲ့ စကားရပ် ပြောင်းလဲရွတ်ဆိုနိုင်ဖို့အတွက် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတာ မပြီးပြတ်သေးလို့ လွှတ်တော် မတက်ဖြစ်သေးတာသာ ဖြစ်ပြီး လွှတ်တော် မတက်ဘူးဆိုပြီး သပိတ်မှောက်တာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီကနေ့ NLD ရုံးချုပ်မှာ ပြုလုပ်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်များအတွက် ဥပဒေရေးရာ သင်တန်းအပြီး သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့တာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်မှ ရေနွေးငွေ့သုံး လျှပ်စစ်ဓာတ်အား နည်းပညာကို သွားရောက် လေ့လာ။

 
မြစ်ဆုံဆည် စီမံကိန်းကို ထာဝရ ရပ်ဆိုင်းပြီး ဂျပန်နည်း ပညာတွေနဲ့ အစားထိုးခဲ့မယ် ဆိုရင်တော့ ဝမ်းမြောက် ဝမ်းသာကြိုဆိုပါမယ်.. သမ္မတကြီးခင်ဗျား

ယနေ့ မနက်ပိုင်းက ဂျပန်နိုင်ငံမှာ မဲခေါင် အစည်းအဝေးတက်ဖို့ လေးရက်ကြာရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဝင်များ အပူဓာတ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့ Tokyo Electric Power Co's (TEPCO) ကို သွားရောက် လေ့လာခဲ့ပါတယ်..။ မြစ်ဆုံဆည် စီမံကိန်းကို သွားရောက် လေ့လာ လမ်းညွှန်ဘူးတဲ့ သမ္မတကြီး အနေနဲ့ ဂျပန်နဲ့ တရုတ်ရဲ့ ကွာခြားချက်ကို နားလည် သဘောပေါက်မိမယ်လို့ မျှော်လင့်မိပါတယ်..။

ဂျပန်နည်းပညာနဲ့ ရေနွေးငွေ့သုံး လျှပ်စစ်ဓာတ်အားနဲ့ အပူဓာတ်သုံး လျှပ်စစ် နည်းပညာကို သွားရောက် လေ့လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အား တရုတ်ထက်သာတဲ့ တခြားဂျပန် နည်းပညာနဲ့ လျှပ်စစ် ဓာတ်အားတွေ ထုတ်ဖို့ ရည်ရွယ် တိုက်တွန်းပါတယ်..။


တရုတ် နည်းပညာနဲ့ ဆောက်တဲ့ ရွှေလီ ရေအားလျှပ်စစ် ပြန်ကြည့်မယ်...
http://www.demowaiyan.org/2012/04/blog-post_06.html
အောက်ကတော့ ရွှေလီ အသေးစိတ် အစီရင်ခံစာ..
http://www.demowaiyan.org/2012/04/blog-post_20.html

by: Demo Waiyan

အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ်က ဗိုလ်မှူးချုပ် ခင်မောင်သန်းက တပ်ရန်ပုံငွေ လို့ပြောပြီး မတရားသိမ်းပိုက်ဝယ်ယူခဲ့တာကြောင့် လယ်သမားမိသားစုဝင်တွေ ဒုက္ခ အခက်အခဲတွေနဲ့ ကြုံတွေနေကြရတာ ကို သမ္မတကြီးထံ တိုင်ကြားခြင်း ရုပ်သံ

copy rights_http://www.burmavjmedia.net/

ဂျပန်ကြွေးမြီလျှော်ပစ်ကြောင်း တရားဝင်ကြေညာ


 
မြန်မာအစိုးရ အဆက်ဆက် ဂျပန်နိုင်ငံထံက ချေးယူထားခဲ့တဲ့ ကြွေးမြီ ဂျပန်ယန်းငွေ ဘီလီယန် ၃၀၀၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်းပေါင်း သုံးထောင့် ခုနှစ်ရာကို လျှော်ပစ်လိုက်ပြီလို့ ဂျပန်အစိုးရက ဒီကနေ့ ကြေညာ လိုက်ပါတယ်။

ဂျပန်နိုင်ငံကို သမ္မတ ဦးသိန်းစိန် ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါး (Yoshihiko Noda) နဲ့ ဆွေးနွေးမှုတွေ လုပ်ပြီးတဲ့နောက် ပူးတွဲ သတင်းစာ...ရှင်းပွဲမှာ အခုလို ကြေညာ လိုက်တာပါ။ ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ လိုကြောင်းလည်း ဂျပန် ၀န်ကြီးချုပ် က ပြောသွားပါတယ်။

အရင်က ရပ်ဆိုင်းထားတဲ့ ဂျပန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီ အိုဒီအေ ပြန်ပေးနိုင်ဖို့ အတွက် ပြင်ဆင် နေပြီလို့လည်း ပြောပါတယ်။

အခုလို ကြွေးမြီတွေ လျှော်လိုက်တဲ့အတွက် မြန်မာအစိုးရ အနေနဲ့ ဂျပန်နိုင်ငံထံက နှစ်ပေါင်း ၂၅ နှစ်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် ချေးငွေတွေ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
 
Copy from -rfa.org/

2012/04/22

သမ္မတဦးသိန်းစိန် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကြိုဆို

ဓာတ်ပုံ AP
 သောကြာ, 20 ဧပြီ 2012 By ဗွီအိုအေ (မြန်မာဌာန)

မြန်မာသမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ၊ မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးညီလာခံတက်ရောက်ဖို့အတွက် ဒီနေ့ ခရီးစတင်ထွက်ခွာခဲ့ပြီးတော့ တိုကျိုမြို့ကို ရောက်နေပါပြီ။ ခရီးရောက်မဆိုက်မှာပဲ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတာမို့ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လာပြီလို့ အခုလို ပြောခဲ့ပါတယ်။
"ယခုအခါ မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် ပြောင်းလဲလာပြီ။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်း ပွင့်လင်းမြင်သာမှုတွေ ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တွေ တည်ဆောက် အကောင်အထည်ဖော်လျှက် ရှိနေပါပြီ။ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းများအနေနဲ့ ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ဖို့ ကြိုဆို ဖိတ်ခေါ်အပ်ပါတယ်"
ဂျပန်နိုင်ငံကို ရောက်ရှိပြီးတော့ မကြာခင်မှာပဲ သမ္မတက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
copy rights_http://www.voanews.com/burmese/news/

2012/04/20

မြန်မာအစိုးတပ်သို့ လက်နက်ချသော KIA အဖွဲ့ဝင်များ အားလုံးနီးပါး ကျဆုံး

By KNG

ပြီးခဲ့နှစ်ရက်က မြန်မာအစိုးရတပ်သို့ လက်နက်ချ ၀င်ရောက်ခဲ့သော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အောက် တာလောကြီးကျေးရွာ အရပ်သားတပ်ဖွဲ့များ အားလုံးနီးပါး ဧပြီ ၁၉ ယနေ့ မနက်ပိုင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် ကျဆုံးသွားကြောင်း KIA ရှေ့တန်းသတင်းက ဆိုသည်။

ဧပြီ ၁၆-၁၇ ရက် မြန်မာအစိုးရတပ်သို့ အလင်းဝင်သည့် KIA တာလောကြီး အရပ်သား တပ်ဖွဲ့ ၀င်များ။

၎င်းတို့အား တာလောကြီးရွာရှိ မြန်မာစစ်တပ် ခလရ အမှတ် ၃၇ စစ်ကြောင်းမှ တာလောကြီးနှင့် ရှဒန်ပါ ငှက်ပျောခြံကြား "မန်မော (Man Manu)" ရှ့တန်းနေရာများသို့ “လမ်းပြများအဖြစ်” ခေါ်ဆောင်သွားစဉ် KIA နှင့် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွါးပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ယင်းဒေသမှ KIA အရာရှိများဆိုသည်။

တာလောကြီးကျေးရွာသည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား တောင်ဘက် မိုင်၂၀ ကျော်၊ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပါးပေါ်တွင် တည်ရှိပါသည်။

အစိုးရထုတ်ပြန်သောသတင်းများအရ တာလောကြီးဒေသတွင် လှုပ်ရှားသော KIA စစ်သား ၄၂ ဦးသည် ကျေးရွာရှိ ခလရ ၃၇ စခန်းသို့ ဧပြီ ၁၆ နှင့် ၁၇ ရက်များတွင် လက်နက်ချ ၀င်ရောက်ခဲ့သည်ဟု ဆိုထားသည်။

သို့သော် “၎င်းတို့သည် စစ်သားများ မဟုတ်ပဲ တာလောကြီးကျေးရွာမှ MHH ခေါ် အရပ်သားတပ်ဖွဲ့ဝင်များသာ ဖြစ်သည်ဟု KIA က ဆိုသည်။

နိုင်ငံရေး ဆွေးနွေးပွဲ စချိန်တန်ပြီ (တိုင်းရင်းသားမဟာမိတ်အဖွဲ့)


19 - 04 - 2012
ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အမြန်ဆုံး တွေ့ဆုံရေးဟာ လတ်တလော ရှေ့လုပ်ငန်းစဉ်ရဲ့ ဦးစားပေး လုပ်ငန်းဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ စတင်ချိန်တန်ပြီလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကို ဆက်သွယ် မေးမြန်းထားပါတယ်။
 
အေးနိုင် - ဒီဗွီဘီ

2012/04/18


THE LADY ရုပ်ရှင် အစအဆုံး -မြန်မာစာတမ်းထိုး(ရုပ်/သံ)

ဒီရုပ်ရှင်ကားကို အထပ်ထပ်ပိတ်ဆို့ ထားသည့်ကြားမှ အခုလို ကြည့်ခွင့် ရသည့် အတွက် မိတ်ဆွေများအားလုံးကြည့်ရူ့ နိုင်ရန် လင့်ကို ထပ်ဆင့် ဖြန့်ဝေပေးလိုက်ပါသည်။

 

သည်အမျိုးသမီး(မြန်မာစာတမ်းထိုး)




မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖင်လန်အစိုးရ ကူညီမည်

2012-04-17
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖင်လန်နိုင်ငံအစိုးရက ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဖင်လန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သူ့ရဲ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖင်လန်အစိုးရရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အလုပ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ Kimmo Kil-junen ဟာ မြန်မာနိုင်ငံနဲ့ ထိုင်း၊ မြန်မာနယ်စပ်ကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရ ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လာမယ့် ဇွန်လ ပထမပတ်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပနိုင်ဖို့ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲဒီ ဆွေးနွေးပွဲကို မြန်မာအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကျွမ်းကျင်သူတွေနဲ့ ငြိမ်းချမ်းရေးသုတေသန လုပ်ဆောင်နေသူတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားမယ်လို့ ဖင်လန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုပါတယ်။

copy rights_http://www.rfa.org/burmese/news

2012/04/17

KIO အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် Photo by - KIA-Jade Land
April 16, 2012
ရွေးကောက်ပွဲ ကာလတွင် ပြည်သူလူထု အထိတ်အလန့် ဖြစ်စေမည့်ကိစ္စများ မပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည်က KIO အဖွဲ့ကို တောင်းပန် ခဲ့ကြောင်း ဗိုလ်ချုပ် အက်စ်ဂွန်မော် ရုံးမှ အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။
KIO နှင့်အစိုးရကြား ဒေါ်စုကြည်က ကြားဝင် ညှိနှိုင်း ဆွေးနွေးပေးရန် သမ္မတဦးသိန်းစိန်ကို တင်ပြ ထားပြီး ဖြစ်ကြောင်း၊ KIO အဖွဲ့အနေဖြင့် တရုတ်နိုင်ငံကို အားမကိုးရင် အမေရိကန်နှင့် EU နိုင်ငံများ၏အထောက်အပံ့များ ရရှိအောင် သူမက လုပ်ဆောင် ပေးနိုင်ကြောင်း၊ NLD အာဏာ ရရှိလာရင် (သူသာသမ္မတ ဖြစ်လာရင်) တိုင်းရင်းသားများ လိုချင်သည့် Federal Union ကို ရအောင် လုပ်ပေး နိုင်ကြောင်း KIO သို့ ဆက်သွယ် ပြောကြားထားကြောင်း ဦးခွန်သာမြင့်ထံမှ သိရှိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆက်သွယ် ပြောကြားမှုကို KIO ဥက္ကဋ္ဌ ဦးအင်ဘန်လှနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အက်စ်ဂွန်မော် တို့က လက်ခံသော်လည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်က  လက်မခံကြောင်း၊ ဗိုလ်ချုပ်ဂမ်ရှောင်သည် ဧပြီ(၁၀)ရက်နေ့က တရုတ်နိုင်ငံ၊ မန်စီမြို့တွင် တရုတ် ထောက်လှမ်းရေး အဖွဲ့နှင့် တွေ့ဆုံပြီး KIO အဖွဲ့ကို အမေရိကန် နိုင်ငံက ဒေါ်စုကြည်ထံမှ တဆင့်အထောက်အပံ့များ ပေးမည့် ကမ်းလှမ်းမှု များရှိနေကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

မြန်မာအပေါ် ဒဏ်ခတ်မှု တချို့ သြစတြေးလျ ရုပ်သိမ်း

 တနင်္လာ, 16 ဧပြီ 2012 By ကျော်ကျော်သိန်း

သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ရ်ကား (Bob Carr)
သြစတြေးလျ နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို လျှော့ပေါ့ ပေးလိုက်ပါပြီ။ နော်ဝေးနိုင်ငံက အလားတူ လျှော့ပေါ့ပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ သြစတြေးလျ ကလည်း ဖြေလျော့ပေးလိုက်တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့ အခုလို ဖြေလျှော့ပေးတာလို့ ဗြိတိန်နိုင်ငံမှာ ရောက်နေချိန်အတွင်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး က ပြောခဲ့တာပါ။ မြန်မာ့အရေး လှုပ်ရှားသူတွေကတော့ အခု အလျှော့ပေး တာဟာ သိပ်များလွန်း ပြီး သိပ်စော လွန်းတယ်လို့ ချက်ခြင်းပဲ တုန့်ပြန် ဝေဖန်ကြပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲတွေကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ပြီးကတည်းက မြန်မာနိုင်ငံအပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စကို ပိုပြီး ကျယ်ကျယ် လောင်လောင် ကြားလာ ရတာပါ။
အဲဒီထဲမှာ အခုနောက်ဆုံး လက်တွေ့ ရုပ်သိမ်းလိုက်တာကတော့ သြစတြေးလျနိုင်ငံပဲဖြစ်ပါတယ်။ အခု လျှော့ပေါ့ ပေးလိုက်တဲ့ ဒဏ်ခတ်အရေးယူမှုအရ သြစတြေးလျ နိုင်ငံက ငွေရေးကြေးရေးနဲ့ ခရီးသွားလာ ခွင့်ဆိုင်ရာ ပိတ်ပင် ဒဏ်ခတ်ထားတဲ့ မြန်မာနိုင်ငံ က တာဝန်ရှိသူ စုစုပေါင်း ၃၉၂ ယောက်ထဲက ၂၆၀ ကျော်ကို ဖယ်ရှားပေးလိုက်တဲ့အတွက် စစ်ဘက်အရာရှိတွေ အပါအ၀င် ဆက်ပြီး အရေးယူထားသူ ၁၃၀ လောက် ပဲကျန်ပါတော့တယ်။ ဖယ်ရှားပေး လိုက်သူတွေထဲမှာ သမ္မတဦးသိန်းစိန်နဲ့အတူ အစိုးရ အဖွဲ့နဲ့ လွှတ်တော်ထဲက ပြုပြင် ပြောင်းလဲရေးလိုလားသူတွေ ပါတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ငွေရေး ကြေးရေးနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ အရေးယူထားတာကို ရုပ်သိမ်းပေမဲ့ လက်နက် ရောင်းချတာကို တော့ ဆက်ပြီး ပိတ်ထားဦးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ခတ် အရေးယူ တာကို ပြန်ချမှတ်ဖို့ကလည်း အမြဲတမ်းဖြစ်နိုင်ခြေ ရှိနေပါ တယ်လို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး ဘော့ဘ် ကားရ် (Bob Carr) က ဆိုပါတယ်။

2012/04/16

ဂျပန် နိုင်ငံ တိုကျို  မြန်မာ့ရိုးရား အတာသင်္ကြန်ပွဲတော် 



၂၀၁၂ ခုနှစ် ဧပြီလ(၁၅)ရက်။

(၂၁)ကြိမ်မြောက် မြန်မာရိုးရာ တိုကျို အတာသင်္ကြန်ပွဲတော်ကို ဧပြီလ(၁၅)ရက်နေ့ တိုကျိုမြို့  HIBIYA ပန်းခြံ မှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူဦးစီး၍ စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါသည်။
အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို နံနက် ၁၀း၃၀ နာရီမှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးမှ  ဖဲကြိုးဖြတ် အခမ်းအနား ဖွင့်လှစ် ပေးပြီးသည့် နောက်မှာ မြန်မာလူမျိုးများအတွက် သင်္ကြန်ယိမ်း အကအလှများ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များနှင့်အတူ အငြိမ့်အကနှင့် သင်္ကြန် သံချပ်များပါ တင်ဆက် သွားပါသည်။

တိုကျိုသင်္ကြန်ပွဲတော်တွင်ဖျော်ဖြေပွဲအပြင်မြန်မာပြည် လွမ်းပြေ သင်္ကြန်မုန့်လုံးရေပေါ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာမျိုးစုံ စုံလင်စွာနဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်ခန်းများတို့ပါ တည်ခင်း ရောင်းချ ထားသည်ကိုတွေ့ ရပါသည်။

တိုကျို သင်္ကြန်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများအပါအ၀င် နိုင်ငံခြားသားအချို့ပါ ပျော်ပျော်ပါးပါး ပါဝင် ဆင်နွဲတာကို တွေ့ရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။  ။ Moe Min Thu

ဒုတိယ ကမ္ဘာစစ် လက်ကျန်တိုက်လေယာဉ်များ ဗြိတိန်ကို ပြန်ပို့မည်


ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာပြည် စစ်မျက်နှာမှာ သိုဝှက်ထားခဲ့တဲ့ တိုက်လေယာဉ်တွေကို ဗြိတိန်နိုင်ငံကို ပြန်လည် ပေးပို့ဖို့ အစိုးရချင်း သဘောတူညီ ခဲ့ကြပါတယ်။
မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်းနဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံခဲ့စဉ်အတွင်း အဲဒီသမိုင်းဝင် တိုက်လေယာဉ်တွေကို ပြန်လည် ရှာဖွေပေးပို့ဖို့ သဘော တူညီခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တပ်တွေအ၀င် ၁၉၄၅ ခုနှစ် နွေရာသီမှာ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်ရဲ့ အမိန့်နဲ့ ဗြိတိသျှ စစ်တပ်က Spitfires အမျိုးအစား တိုက်လေယာဉ် အသစ်အစီး (၂၀) ကို ဂျပန်စစ်တပ်တွေ မသိမ်းယူနိုင်အောင် မြေမြှုပ် သိုဝှက် ထားခဲ့ပါတယ်။

အခုအခါ ဗြိတိန်နိုင်ငံ Leeds တက္ကသိုလ်က ကျွမ်းကျင်သူတွေနဲ့ ရန်ကုန်အခြေစိုက် မြန်မာ ပညာရှင် တစ်ဦးတို့ ပူးပေါင်းပြီး ရေဒါ နည်းစနစ်တွေနဲ့ လေယာဉ်တွေ သိုဝှက် မြှုပ်နှံထားတဲ့ နေရာကို ရှာဖွေ ခဲ့ကြရာမှာ အဲဒီနေရာကို သိရပြီလို့ ယုံကြည် ရပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်းက Spitfires အမျိုးအစား တိုက်လေယာဉ် စီးရေ နှစ်သောင်းတစ်ထောင်လောက် ထုတ်လုပ်ခဲ့ရာမှာ အခုအခါ (၃၅) စီးလောက်ပဲ မောင်နှင် ပျံသန်းလို့ရတဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။
 
by- RFA , facebook

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားရှိ သင်္ကြန်မဏ္ဍပ် တစ်ခုတွင် ဧပြီ ၁၄ ရက် စနေနေ့ ည ၉ နာရီဝန်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း မြို့ခံများ ဆိုသည်။

မြစ်ကြီးနား သင်္ကြန်ပွဲ။

ဗုံးပေါက် နေရာသည် မြို့သစ်ကြီး ရပ်ကွက် ဦးဇခုန်တိန့်ယိန်း ၏ ‘မနောမြေ’ အမည် သင်္ကြန်မဏ္ဍပ်တွင် ဖြစ်သည်ဟု မြစ်ကြီးနား နာရီစင်အနီး “ထူး (ကုမ္ပဏီ)” သင်္ကြန်မဏ္ဍပ် ဖျော်ဖြေရေး အစီစဉ်တွင် ကြည့်ရှုပြီး ပြန်လာသူ လူငယ်တစ်ဦးက ပြောသည်။
ဇခုန်တိန့်ယိန်းသည် ယခင် ပန်ဝါအခြေစိုက် နယ်ခြားစောင့်တပ် အသွင်ပြောင်း ကချင်ဒီမိုကရေစီသစ်  တပ်မတော် (NDA-K) ဥက္ကဌ နှင့် ယခု ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမတ် ဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုမှာ ယခုချိန်ထိ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ထိခိုက် ပျက်စီးမှုများ မသိရသေးပါ။ ၄င်းမဏ္ဍပ်တွင် ကချင်အဆိုတော်များသာ သီဆိုကြောင်းလည်း သိရသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

သမ္မတ ဦးသိန်းစိန်ကို လန်ဒန်သင်္ကြန်က ငြိမ်းချမ်းရေးဆု ချီးမြှင့်

2012-04-14
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ကျင်းပသော အာဆီယံ ထိပ်သီးအစည်းအဝေး၌ သမ္မတ ဦးသိန်းစိန် တက်ရောက်နေစဉ်။
လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။
" ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီးတို့  ငြိမ်းချမ်းရေးဆုကို ပေးပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ်လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။
မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။

တပ်မတော်သား ဘ၀ အခြေအနေတွေ အင်တာနက်မှာ ရေးသားမှုနဲ့ လေတပ်အရာရှိ သုံးဦးကို ထောင်နှစ်ရှည်ချမှတ်

 
ဧပြီလ (၉) ရက်နေ့က မြိတ် လေတပ်စခန်းက လေတပ် အရာရှိသုံးဦးကို စစ်အကျဉ်းထောင် တရားရုံးချုပ်ကနေ စစ်ခုံရုံးဖွဲ့ပြီး အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ်အနှစ် (၂၀) နဲ့ (၇) နှစ်စီ အသီးသီး ချမှတ်ခဲ့ကြောင်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။

လေတပ်အရာရှိ သုံးဦးကို အင်တာနက် ဘလော့ဂ်နဲ့ ၀က်ဘ်ဆိုက်ဒ်တွေမှာ တပ်မတော်သားတွေရဲ့ ဘ၀ အခြေအနေတွေကို ဖော်ပြရေးသားမှုနဲ့ ထောင်ချခဲ့တာဖြစ်ပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ကြရတဲ့ လေတပ်အရာရှိ သုံးဦးအနက် ဗိုလ်ကြီး နေလင်းဒွေးဟာ ကျန်းမာရေးမကောင်းဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးနေလင်းဒွေး ၊ Photo by - irrawaddyblog

2012/04/15

မြန်မာအစိုးရတပ် သိမ်းပိုက်ထားသော KIA တပ်စခန်း ပြန်ရ

 
2012 April 14,

နှစ်ရက်ကြာ မြန်မာအစိုးရတပ်က သိမ်းပိုက်ထားသော ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ဒေါ့ဖုန်းယန် ပန်စွန်စခန်း (Pan Tsun post) အား KIA မှ ဧပြီ ၁၃၊ သောကြာနေ့ညက ပြန်လည် ရရှိခဲ့ကြောင်း KIA က...ဆိုသည်။

နှစ်ဖက်တပ်များကြား နာရီပေါင်း များစွာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ဗန်းမော် (မန်မော်)ခရိုင်၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲရှိ လိုင်ဇာ KIO/KIA ဗဟိုဌာနချုပ် ကာကွယ်ရေး တပ်ဖွဲ့၊ KIA တပ်မဟာ ၅ အောက် တပ်ရင်း ၁၉ ၏ ပန်စွန် ရှေ့တန်းစခန်း (Pan Tsun post) ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်ဟု KIA က ဆိုသည်။

KIO/KIA (ကချင်လွတ် မြောက်ရေး အဖွဲ့/တပ်ဖွဲ့) ဗဟိုဌာနချုပ် လိုင်ဇာ တောင်ဘက် ၁၀ မိုင်ခန့် အကွာရှိ စစ်ရေးအရ အရေးပါသော ပန်စွန် စခန်းကို ဧပြီ ၁၁၊ ဗုဒ္ဒဟူးနေ့က အစိုးရတပ်မှ ၁၂၀ မမ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ယာယီ ဆုတ်ခွာ ပေးခဲ့သည်ဟု ရှေ့တန်း KIA သတင်းရပ်ကွက်က ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရက စစ်အင်အား အလုံးအရင်းဖြင့် လိုင်ဇာသိမ်းရန် စစ်ရေး ပြင်ဆင်နေခြင်းကြောင့် KIO မှလည်း ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များသို့ အစိုးရတပ်ဖွဲ့များအား မည်သည့် နေရာတွင်မဆို တိုက်ခိုက်ရန် ယခုလ အစောပိုင်းက အမိန့်ပေးခဲ့သည်။

ပြီးခဲ့သည့် မတ်လအထိ KIA စစ်သားများအား ၎င်းတို့နယ်မြေထဲ ၀င်လာသည့် အစိုးရ စစ်ကြောင်းများကိုသာ အကန့်အသတ်ဖြင့် ခံစစ်ပြုလုပ်ရန် ခွင့်ပြုထားသည်။

ဗမာအမျိုးသားများ ချုပ်ကိုင်သော ယခင် မြန်မာအစိုးရ အဆက်ဆက်နှင့် အလားတူ စစ်တပ် ကျောထောက် နောက်ခံ ဦးသိန်းစိန် အရပ်သားအစိုးရကလည်း KIO နှင့် စစ်မှန်သော နိုင်ငံရေး ဆွေးနွေးရန် လက်ခံခြင်း မရှိပါ။

မတ်လက မြန်အစိုးရနှင့် KIO ကိုယ်စားလှယ်များ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် သတိယအကြိမ် တွေ့ဆုံစဉ် ရှေ့ နိုင်ငံရေးဆွေးနွေးခြင်း အဆင့်သို့ တက်လှမ်းရန် ကျဆုံးပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲ အရှိန်အဟုန် မြှင့်တက်လာသည်။

By KNG

သမ္မတထံ NLD အကြံပြုစာ ပေးပို

စနေ, 14 ဧပြီ 2012

ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတော် သမ္မတဆီ အကြံပြုစာ ဒီကနေ့ တင်ထားတယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစား နေတာဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စာလှယ်တွေဟာ လွှတ်တော် မတက်ခင် ကျမ်းကျိန်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့ စကားလုံးအစား လေးစား လိုက်နာပါမယ် ဆိုတာကို ပြောင်းလဲ ရွတ်ဆိုနိုင်ဖို့ အတွက် ဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့ကို NLD ပါတီက သမ္မတဆီ တိုက်ရိုက် စာပို့ထားတယ်လို့ ပြောပါတယ်။ NLD ပါတီက တင်ပြထားတဲ့ အကြံပြုလွှာကို ဒီကနေ့ ဧပြီလ ၁၄ ရက် စနေနေ့မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရှိတဲ့ နေပြည်တော်ကို သွားတင်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေးကြတာပါ။ ဒီနေ့မှ ရောက်တာပေါ့။ ကျနော်တို့ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။”

ရန်ကုန်မှာ ဖြန့်နေတဲ့ KIA ဆန့်ကျင်ရေး ၀ါဒဖြန့်စာ

သင်္ကြန် မတိုင်ခင်က ရန်ကုန်မြို့ နေရာတချို့မှာ ဖြန့်ခဲ့တဲ့ လက်ကမ်း စာစောင်လို့ သိရပါတယ်။

KIA ဆန့်ကျင်ရေး ၀ါဒဖြန့်စာ ဖြစ်ပါတယ်။
copy from - thespiritfruit

2012/04/13

၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေး သို့ သွားရောက် လေ့လာစဉ်၊ မတ်လ ၁၂၊ ၂၀၁၂။
ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်တွင်း  ရွတ်ဆိုရတဲ့  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား  ဖွဲ့စည်းပုံ အခြေခံကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ပြည်သူ့လွှတ်တော်က တတိယအကြိမ် ပုံမှန် အစည်းဝေးထဲ မပြီးပြတ်တဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ အတွက် ဧပြီလ ၂၃ ရက် တနင်္လာနေ့ မှာ ပြန်ကျင်းပမယ့် ပြည်သူ့ လွှတ်တော်အစည်းဝေးကို အ၀င် NLD ပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ဝင် ကိုယ်စားလှယ်သစ် တွေ တက်ဖိှု့ စီစဉ်ထားကြတာပါ။
ဒါပေမယ့် ရွေးကောက်ခံ ကိုယ်စားလှယ်သစ်တွေ ကျမ်းသစ္စာ ကျိန်ဆိုတဲ့အခါ ရွတ်ဆိုတဲ့အခါ  ဖွဲစည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတဲ့ စကားလုံးအစား  NLD ကိုယ်စားလှယ်လောင်းတွေ ဟာ လေးစား လိုက်နာရမယ်ဆိုတဲ့ စကားလုံးကို ပြင်ဆင်ရွတ်ဆိုနိုင်ဖို့ NLD ပါတီက ညှိုနှိုင်းတာတွေ လုပ်နေတယ် လို့ NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ့ဖုန်းယန် KIA တပ်စခန်း မြန်မာအစိုးရတပ် သိမ်းပိုက်

မြန်မာအစိုးရတပ်က ကချင်ပြည်နယ် ဗန်းမော် (မန်မော်)ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ KIO ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်၊ တပ်ရင်း ၁၉ နယ်မြေသို့ နာရီပေါင်းများစွာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပြီးနောက် ရှေ့တန်းစခန်းတခုကို သိမ်းပိုက်ခဲ့ကြောင်း ၄င်းတပ်စခန်းအနီးရှိ KIA အရာရှိတစ်ဦးကပြောသည်။

ဧပြီ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ဒေါ့ဖုန်းယန်ရှိ အစိုးရတပ် ခလရ (၁၄၂)မှ စစ်အင်အား ၂၀၀ ခန့်ရှိသော တပ်ဖွဲ့များ နှင့် KIA တပ်ဖွဲ့များ၂ နာရီကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၁၉)၊ လနားခက် (Lana Hkyet) ပန်စွန်စခန်း (Pan Tsun post) အား နောက်ဆုတ်ပေးခဲ့ရသည်ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလမှ မြန်မာအစိုးရက KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာကိုသိမ်းပိုက်ရန် စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
တုန့်ပြန်မှုအနေဖြင့် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့ဝင်အားလုံး “မြန်မာအစိုးရတပ်အား စတင်ပစ်ခတ်ခွင့်” အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေ့တန်းအရာရှိတစ်ဦး ကပြောသည်။
“အစက မြို့ပေါ်တွေမှာတော့ မပစ်ခိုင်းဘူးပေါ့နော် ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ပစ်ရင် ကျနော်တို့ကိုလည်း ပစ်ဖို့ပြောတယ်။” ဟု သူကပြောသည်။
ယခင်က အချို့ရှေ့တန်းနေရာနှင့် အစိုးရထိန်းချုပ်သည့် မြို့ပေါ်တွင် အစိုးရပစ်မှတ်များအား တိုက်ခိုက်ခြင်း မပြုရန် KIA တပ်ဖွဲ့များ ညွှန်ကြားထားခံရသော်လည်း ယခုချိန်မှာ အစိုးရတပ်များကို နေရာမရွေး တိုက်ခိုက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့သည် တိုက်ပွဲများနေ့တိုင်းဖြစ်ပွားနေပြီး တပ်မဟာ ၅ နယ်မြေတွင် ပိုပြင်းထန်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။
ယခုလို မြန်မာအစိုးရက လိုင်ဇာ စစ်ဆင်ရေး စတင်လာချိန်မှာ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ဗန်းမော်(မန်မော်)-လွယ်ဂျယ်သွားလမ်းကို KIA မှ ဧပြီ ၁၂ ရက်နေ့မှစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
http://burmese.kachinnews.com

2012/04/12

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လည်ရောက်ရှိ

ဧပြီလ ၁၁ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယနေ့ နေ့လည်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည် ရောက်ရှိလာပြီဟု သိရသည်။
ယနေ့မနက် ၇နာရီအချိန်တွင် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်မှ စတင်ထွက်ခွာခဲ့ပြီး နေ့လည် ၁၂နာရီဝန်းကျင်းတွင် နယ်စပ်ဒေသသို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယခုခရီးစဉ်အပေါ် အားရပ်ကျေနပ်မှု ရှိသည်ဟု ဆိုသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “အစိုးရနဲ့ ကျမတို့ အရေးကြီးတဲ့ အချက်တွေကို လိုအပ်သလောက် ကျမတို့ ဆွေးနွေးနိုင်ခဲ့တယ်။ နောက်ဆက်တွဲ အကောင်အထည်ဖော်ရမယ့်ဟာ တွေတော့ ရှိတာပေါ့။ ဒီခရီးစဉ်တစ်ခုလုံးခြုံပြီး ပြောရရင်တော့ ကျမတို့ ကျေနပ်အားရပ်မှုရှိတယ်။”ဟု ပြောသည်။
KNU ထုတ်ပြန်ကြေငြာချက် - 10/04/2012
  KNU_press_release_on_division_and_state_level__meetings_April_4___10_2012

မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုက KIA အတွက် ဖြစ်နေသလား

ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ တင့်ကားတပ်ဖွဲ့၏ စွမ်းရည်ပြသမှု
Tuesday, 10 April 2012

(၂၀၁၂) ခုနှစ် မတ်လ ၆ ရက်နေ့က မိတ္ထီလာမှာ တပ်မတော်ရဲ့ ခြေလျင်၊ တင့်နဲ့ အမြောက် ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်မှုကို ဆောင်ရွက် ခဲ့ကြောင်း စစ်ဘက် နီးစပ်သူများက သတင်း ပေးပို့ လာပါတယ်။ ဒီလို လေ့ကျင့်မှုကို တပ်မတော်ကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ တက်ရောက် ကြည့်ရှု ခဲ့ပါတယ်။
ဒီလို လေ့ကျင့်တဲ့ နေရာမှာ မြေပုံတုကို ကချင်ပြည်နယ် အတွင်းက KIA စခန်း နေရာတစ်ခုအား ပုံစံတူ သဲမြေပုံခင်း ဆောင်ရွက် ခဲ့ပါတယ်။ ဒီစစ်ရေး လေ့ကျင့်မှုကို မြဝတီရုပ်သံမှာ ထုတ်လွှင့် ပြသ ခဲ့တာဟာ ထူးခြားမှု တစ်ခုအနေနဲ့ တွေ့ရှိရပါတယ်။ လက်ရှိ အခြေအနေမှာ မြန်မာ အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆွေးနွေး နေပါတယ်။
ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ မြဝတီရုပ်မြင်သံကြားအင်တာဗျူး မြင်ကွင်း
တိုင်းရင်းသား အဖွဲ့အများစုက အပစ်အခတ်ရပ်စဲရေးကို လက်ခံ ခဲ့ကြပေမယ့် KIA ကတော့ အပစ်အခတ် ရပ်စဲရေးကို လက်မခံသေးပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပြီးမှ အပစ် ရပ်ချင်တာကြောင့် တိုက်ပွဲတွေ ဒီနေ့အထိ ဖြစ်နေပါတယ်။ အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းဟာ ကျောင်းဆရာမှ စစ်တပ်ထဲ ဝင်လာသူဖြစ်ပြီး ဝေ့လည်ကြောင်ပတ် လုပ်တတ်တာမို့ KIA ဘက်ကလည်း အဆင့်တူ ပညာရေး လောကမှ ကျောင်းအုပ်ကြီး တစ်ဦးကို စေလွှတ်ခဲ့ တာကြောင့် ဆွေးနွေးပွဲ ရလဒ် ရေရေရာရာ မရှိဘဲ ယခုအချိန်ထိ အောင်မြင်မှု မရရှိသေးတာ တွေ့ရပါတယ်။

2012/04/11

ဒီမိုကရေစီခရီးစဉ် လွယ်ကူဖွယ်ရာမရှိ

2012-04-10
မြန်မာ့ဒီမိုကရေစီအရေးမှာ"လူထုခေါင်းဆောင်" အဖြစ်ကနေ လွှတ်တော်ထဲ ၀င်ရောက်ပြီး "နိုင်ငံရေးသမား" အဖြစ်ရပ်တည်တော့မှာ ဖြစ်တဲ့အတွက် ရှေ့လာမယ့် ခရီးလမ်းဟာ မလွယ်ကူဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြု သတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကမနေ့က ပြောကြားလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်က ဝါရှင်တန် ဒီစီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှု လျော့ချရေး ပြင်ဆင်နေကြောင်း ကြေညာချက် ထုတ်ပြန်နေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တလောက သူတယ်လီဖုန်းပြောခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲဝင်ရောက်ပြီး ဆောင်ရွက်ရမယ့် နိုင်ငံရေးဟာ "စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာခြင်း တနည်းအားဖြင့် နိုင်ငံရေးမှာ အပေးအယူလုပ်ရမယ့်" နိုင်ငံရေးသဘောမျိုး အဓိကဖြစ်လာလိမ့်မယ်။ ဒါကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရားလည်းဖြစ်တယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်း၊ အပေးအယူလုပ်ခြင်းဟာ ညစ်ညမ်းတဲ့ ဝေါဟာရမဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Motion Picture Association of America အမေရိကန်ရုပ်ရှင်လုပ်ငန်း အသင်းကြီးမှာ မနေ့က ပြင်သစ်ဒါရိုက်တာ Luc Besson ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ပုံရိပ်ကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ပြသတဲ့ပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။
ဒီမိုကရေစီဆိုတာ မိမိနဲ့အမြင်သဘောထား လုံးဝမတူညီသူတွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အချိန်မရွေး ပျက်စီးသွားနိုင်တယ်ဆိုတာ မြန်မာပြည်သူတွေကရော အားလုံးကပါ လက်ခံထားပြီးသားဖြစ်သလို၊ တစ်ချိန်တည်းမှာလည်း ဒီမိုကရေစီခရီးစဉ်မှာ အားလုံးနဲ့ လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ သံဓိဋ္ဌာန်ဟာ နိုင်ငံရေးသမား တစ်ဦးအနေနဲ့ ဆုံးဖြတ်ထားရမယ့် အချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
copy rights_http://www.rfa.org/burmese/news

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အစိုးရတို့ ပဲခူးတိုင်းတွင် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့

ဧပြီလ ၁၀ရက်။ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့မနက် ၉နာရီမှ ၁၁နာရီကျော်အထိ ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးအချို့နှင့် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယခုတွေ့ဆုံဆွေးနွေးမှုတွင် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း အပါအဝင် တောင်ပိုင်းတိုင်း တိုင်းမှူး၊ တရားဥပဒေချုပ်နှင့် အခြားအကျိုးတော်ဆောင်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

ကေအဲန်ယူဘက်မှ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်မှူးကြီး မိုးဖြူ၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ဗိုလ်မှူး ထူးထူးလေး၊ နော်မေဦး၊ ပဒိုစောအားတိုး၊ ပဒိုစောသောသီဘွဲ၊ နော်ဘလူးမေးနိုက်ဇံ၊ ပဒိုစောတာဒိုမူးနှင့် စောအောင်ဝင်းရွှေတို့ တက်ရောက်ခဲ့သည်။

ထိုဆွေးနွေးပွဲတွင် အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များအတွက် ဆက်လက် လုပ်ဆောင်ရ မည့် အချက်များကို ဆွေးနွေးခဲ့ကြသလို နှစ်ဖက်တပ်များ၏ နေရာများကို အတိအကျ သတ်မှတ်ဖို့ နှင့် ယမန်နေ့က ဖွင့်လှစ်လိုက်သည့် ပဲခူးတိုင်း ဆက်ဆံရေးရုံးတွင် တာဝန်ယူ အလုပ်လုပ်မည့် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် သြဇာအာဏာရှိပြီး အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ်များကို ရွေးချယ်ထားရန်အတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်တွင် ပြုလုပ်သည့် ယနေ့ဆွေးနွေးပွဲတွင် ရန်ကုန်မြို့မှ အမေရိကန် အထက်လွတ်တော်အမတ်နှင့်အဖွဲ့ အစည်းအဝေးပြုလုပ်စဉ် လာရောက်လေ့လာခဲ့သလို ထိုအစည်း အဝေးပြီး ၁၁နာရီခွဲခန့်တွင် အဆိုပါ အမေရိကန် အထက်လွှတ်တော်အမတ်အဖွဲ့သည် ကေအဲန်ယူ ငြိမ်းချမ်း ရေးကိုယ်စားလှယ်များနှင့် ၁၅မိနှစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးရာတွင် အမေရိကန် လွှတ်တော်အမတ်အဖွဲ့ဘက်မှ ယခုအစိုးရနှင့် တွေ့ဆုံမှုတွင် ဘယ်လောက်အထိ အားရကျေနပ်မှုရိုကြောင်းကို မေးမြန်းခဲ့သလို ကေအဲန်ယူဘက်မှလည်း ယခုလက်ရှိအ ချိန်တွင် အားရကျေနပ်ကြောင်းနှင့် ပဋိပက္ခဖြစ်ပွားသည့်ဒေသများအတွင်းရှိ လူထုများ၊ ဌာနေမဲ့ ပြည် သူများ၏ အခြေအနေများကို ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်။
http://www.kicnews.org/?p=10997

KIO ဗဟိုဌာနချုပ် လိုင်ဇာ သိမ်းရန် မြန်မာအစိုးရ စစ်ပြင်

ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ မြန်မာပြည် မြေက်ပိုင်း။
10 April 2012
မြန်မာ အစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်ရန် စစ်ရေး ပြင်ဆင် နေသည်ဟု ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာရှိများ ပြောသည်။ လိုင်ဇာမြို့မှ မြေပြင် ခရီးအားဖြင့် ငါးမိုင်အကွာရှိ လဂျားယန် ကျေးရွာတွင် မြန်မာအစိုးရ တပ်က ထိုသို့ ပြင်ဆင် နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ KIA အရာရှိ တစ်ဦးပြောသည်။
လဂျားယန်သို့ ၁၂၀ မမ အမြောက်များ ပို့ဆောင်ထားသည်ဟု ဆိုသည်။ အဖြောင့် တိုင်းလျှင် ၃ မိုင်ခန့်သာ ကွာဝေးသည့် လိုင်ဇာသို့ လဂျားယန်မှ ထိုအမြောက်များ ဖြင့်ပစ်ခတ်လျှင် ပျက်စီးမှု ကြီးမားနိုင်သည်။ လဂျားယန် အပြင် မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်က မဟာဗျူဟာ ကျသည့် နေရာများတွင်လည်း  မြန်မာအစိုးရ တပ်များ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။
ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ မြန်မာပြည် မြေက်ာပိုင်း။
ထိုတပ်စခန်းများသို့ အစိုးရ တပ်သားသစ်များလည်း ရောက်ရှိလာကြခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သော ကြာသပတေးနေ့က ဗန်းမော် ဆိပ်ကမ်းသို့ အင်အား ၂၀၀ ကျော်ရှိ မြန်မာအစိုးရ စစ်သားများ စက်လှေဖြင့် ရောက်ရှိ လာကြသည်။ ၎င်းတို့မှာလည်း လိုင်ဇာ စစ်မျက်နှာအတွက် ပို့ဆောင် ကြခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။